(Unicode)
*ဒါကြောင့် ကောင်းကင်နတ်ဘုရားရဲ့ အပြစ်ကို...လျော့လျော့ ပေါ့ပေါ့ ဆုံးဖြတ်ပေးပါလို့...တောင်းဆိုပါရစေ...
ဒူးထောက်ကာ တောင်းပန်နေတဲ့ ရှောင်းကျန့်ကို ခုံသမာဓိနတ်မင်းများက ကြင်နာစွာ ကြည့်နေကြသည်။ ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ကို ဝမ်းနည်းစွာ ကြည့်နေခဲ့လေသည်။
*နတ်သား ရှောင်းကျန့်...အရှင် ဘာမှ စိတ်မပူပါနဲ့...အရှင်က ဒီလက်ထပ်ပွဲ ပျက်သွားခဲ့ရင်တောင်...နောက်တက်လာမယ့် ကောင်းကင်နတ်ဘုရားရဲ့ ကြင်ယာတော် အဖြစ် ဆက်ပြီး ရှိနေမှာပါ...ဒါက ကောင်းကင်နိုင်ငံတော်မှာ...သတ်မှတ် ထားပြီးသား အရာပါ...
*မဟုတ်ဘူး...
ခုံသမာဓိနတ်မင်းများရဲ့ စကားကို ရှောင်းကျန့်က ခပ်မြန်မြန် ငြင်းဆန်လိုက်သည်။
*ကျွန်တော်က ကောင်ကင်နတ်ဘုရားရဲ့ ကြင်ယာတော် ဆိုတဲ့ နေရာအတွက်...တွေးမပူပါဘူး...အဲ့နေရာကိုလည်း စိတ်မဝင်စားပါဘူး...
ကျွန်တော်က သူနဲ့ လက်ထပ်ခွင့် ရပြီး...တသက်လုံး အတူတူ နေခွင့် ရချင်ရုံလေးပါ...*ဟင်...
*ရှောင်းရယ်...
ဝမ်ရိပေါ် လက်ကို လှမ်းဆွဲကာ ပြောလိုက်တဲ့ ရှောင်းကျန့် စကားကြောင့် ခုံသမာဓိရုံးတော် တခုလုံး အံ့အားသင့်ကာ တိတ်ဆိတ်သွားရသည်။ ဝမ်ရိပေါ်ကတော့ ရှောင်းကျန့် လက်ကိုသာ ခပ်တင်းတင်း ဆုပ်ကိုင် ထားလိုက်သည်။
*ကိုယ်တော် နတ်ဘုရား နေရာကို စွန့်ရမယ်ဆို စွန့်နိုင်ပါတယ်...ဒါပေမယ့် ရှောင်းကျန့်နဲ့တော့ မခွဲပါရစေနဲ့...တောင်းဆိုပါရစေ...
ဝမ်ရိပေါ်က ခုံသမာဓိနတ်မင်းများအား ပြောလိုက်သည်။
*ဟင်း...ခက်တာပဲ...ဒါကိစ္စကို ဘယ်လို အပြစ်ဒဏ်မျိုး...ချမှတ်ရမလဲ ဆိုတာ စဥ္းစားဖို့...ကျွနု်ပ်တို့ကို အချိန် ခဏလောက် ပေးပါ...
ခုံသမာဓိ နတ်မင်းများက နေရာမှ ပျောက်ကွယ် သွားကြသည်။
🎐 🎐🎐 🎐🎐🎐
ရှောင်းကျန့်က ဝမ်ရိပေါ် လည်တိုင်ကို ဖက်တွယ် ထားရမှ လင်းချူမင်း ရှိရာဆီသို့ လှည့်ကြည့်လိုက်သည်။
YOU ARE READING
He Created (သူ ဖန်တီးသော)(U&Z) - Completed