(Unicode)
ခွပ်...
ခွပ်...
ခွပ်...
ခပ်သွက်သွက် အသော့နှင်နေတဲ့ မြင်းလှည်းတစီးက မြင်း ၄ စီး ခြံရံလျက် တောလမ်းတလျှောက် မောင်းနှင်နေသည်။ လှည်းထဲမှာတော့ ကျန်းသခင်ကြီးနှင့် ကျန်းသခင်လေး ရိပေါ်တို့ လိုက်ပါလာကြသည်။ ကျန်းသခင်ကြီးက သားဖြစ်သူ ပြောပြသည့် အချက်များကို သေသေချာချာ စဉ်းစားနေသည်။ ရိပေါ်ကတော့ ပတ်ဝန်းကျင်ကို ကြည့်ရင်း ငြိမ်သက်စွာ လိုက်ပါလာသည်။
*ဟင်...
လရောင်မှုန်ဝါးဝါးတွင် အသွင်သဏ္ဍာန် တခုကို ရိပေါ်က မသဲမကွဲ မြင်လိုက်ရသည်။
လူလား...မိန်းမ တယောက် ထင်တယ်...ဒီအချိန်ကြီး တောထဲမှာ ဘာလုပ်နေတာလဲ...
*ဘာဖြစ်လို့လဲ သား...
*ဟိုမှာလေ...ဟင်... ဘာ...ဘာမှ မဟုတ်ပါဘူး... လရောင်မှုန်ဝါးဝါးမှာ မျက်လုံး မှောက်နေတာ နေမှာပါ ပါးရယ်...အရေးမကြီးပါဘူး...
ဖခင်ဖြစ်သူအား ပြဖို့ရန် ရိပေါ်က လှမ်းကြည့်လိုက်စဉ်တွင် ထိုသဏ္ဍာန်က ပျောက်ကွယ် သွားလေသည်။ ကျန်းသခင်ကြီးက ခေါင်းငြိမ့်လိုက်သည်။
*ဒါဆိုလည်း ပါး နားလိုက်ဦးမယ်...ဒီတနေ့လုံးလည်း နားချိန် မရသေးဘူး...
*ဟုတ်ကဲ့ ပါး...နားလေ...သား စောင့်ကြည့်နေလိုက်မယ်...
မြင်းလှည်းလေးနဲ့ မြင်း လေး စီးက ဆက်လက် ထွက်ခွာသွားလေသည်။ မကြာခင်တွင် ထိုနေရာသို့ လူ နှစ်ယောက် ရောက်လာလေသည်။
🎐 🎐🎐 🎐🎐🎐
*သေချာ မြင်ရတာလည်း မဟုတ်ဘဲနဲ့ကို...ပါးက ဘာလုပ်တာလဲ...သက်သက်မဲ့ အပင်ပန်း ခံနေတယ်...
လင်းချူမင်းက ဖခင်ဖြစ်သူ လင်းချူနတ်မင်းအား မကျေမနပ် ပြောလိုက်သည်။ လင်းချူနတ်မင်းက သားဖြစ်သူကို ကြည့်ကာ ပြုံးလိုက်သည်။
*ကောင်းကင်နတ်ဘုရား ဝင်စားတဲ့သူက...တော်ရုံ အခြေအနေတခုမှာ...သာမာန် မိန်းမတယောက်ကို စိတ်ဝင်စားမယ်လို့များ...မင်းက ထင်နေတာလား...မပါးနပ်လိုက်တာ ချူမင်းရယ်...ဒါကြောင့်လည်း ရှောင်းရှောင်းက မင်းကို မရွေးတာ...သူ့ကို အပြစ်တင်လို့တော့ မရဘူး...
YOU ARE READING
He Created (သူ ဖန်တီးသော)(U&Z) - Completed