(Unicode)
*အမလေး...ဖွားမြေးလေးက ချစ်ဖို့ ကောင်းလိုက်တာ...လာပါဦး...မွ...
*ခစ်...ခစ်...
မိခင်၏ အသံနှင့်အတူ ကြားလိုက်ရတဲ့ ရယ်သံသေးသေးလေးကြောင့် အိမ်ခန်းထဲမှ ရှောင်းကျန့်တယောက် ခေါင်းထောင်သွားရသည်။
ချစ်ဖို့ကောင်းတယ်...အဲ့ဒါက ဘာလဲ...ဘယ်လိုဟာကို ပြောတာလဲ...
သိချင်စိတ်ကြောင့် အိမ်ခန်းထဲမှ ရှောင်းကျန့် ပြေးထွက်လာခဲ့သည်။
*သားလေး...အလန့်တကြားနဲ့ ဘာဖြစ်လာတာလဲ...
မိမိအနားကို အလောတကြီး ပြေးလာတဲ့ သားဖြစ်သူအား ယင်းရွှေလိက နားမလည်စွာ မေးလိုက်သည်။ ရှောင်းကျန့်က မိခင်ဖြစ်သူ ချီပိုးထားတဲ့ တူမတော် လီလီအား လှမ်းကြည့်လိုက်သည်။
*မား...ခုနက လီလီ့ကို...ချစ်ဖို့ ကောင်းတယ်လို့...ပြောတာ ကြားလိုက်ရတယ်...ဘယ်လိုဟာကို ချစ်ဖို့ကောင်းတယ်လို့...ပြောလိုက်တာလဲ...
*ဟင်...ဟောတော့...ဖြစ်ရမယ် ရှောင်းရှောင်းရယ်...
ဟား...ဟား...ဟား...သားဖြစ်သူ စကားကြောင့် ယင်းရွှေလိက သဘောကျစွာ ရယ်မောမိသည်။ ထို့နောက် မိမိချီပိုးထားတဲ့ မြေးမလေး လီလီကို ရှောင်းကျန့် ရှေ့သို့ လှည့်ပြလိုက်သည်။
*ဒီမှာ ကြည့်...လီလီမှာ ပါးဖောင်းဖောင်း...မျက်နှာ ဝိုင်းဝိုင်းလေးနဲ့...မျက်နှာလေးကလည်း ကြည်လို့...ရယ်လိုက်ရင်လည်း မျက်လုံးလေးတွေက...အရောင် တလက်လက်နဲ့....ဘယ်လောက် အပြစ်ကင်းသလဲ...ဒါကြောင့် ချစ်ဖို့ ကောင်းတယ်လို့...မားက ပြောတာပေါ့...
မိခင် စကားကြောင့် ရှောင်းကျန့်က တူမဖြစ်သူ လီလီအား သေသေချာချာ ကြည့်လေသည်။ ယင်းရွှေလိကတော့ သားဖြစ်သူကို ကြည့်ရင်း သဘောကျနေသည်။
အခု...သားက ချစ်တယ်ဆိုတာကို...သိချင်လာပြီ မဟုတ်ပါလား...
🎐 🎐🎐 🎐🎐🎐
*ပါးဖောင်းဖောင်း...မျက်နှာ ဝိုင်းဝိုင်းလေးနဲ့...မျက်နှာ ကြည်ကြည်လေးရယ်...ရယ်လိုက်ရင် မျက်လုံးလေးတွေက...အရောင် တလက်လက်နဲ့....အပြစ်ကင်းရင်...ချစ်ဖို့ ကောင်းတယ်တဲ့...
ဟင်းးးး...အဲ့ဒါဆိုရင် ဟိုကလေးလေးက လီလီ့ထက်...ပိုပြီး ချစ်ဖို့ ကောင်းတာပေါ့...ပါးကြီးတွေဆို ဖောင်းရုံမကဘူး...တွဲကျနေတာ...နောက်ပြီး အသားလေးကလည်း မွတ်နွတ်ပြီး ကြည်လို့...မျက်လုံးလေးကလည်း အပြစ်ကင်းလိုက်တာမှ တလက်လက် တောက်ပလို့...
ငါ မားဆီ...အဲ့ကလေးလေးကို ခေါ်ပြလိုက်ရမလား...ဒါမှမဟုတ် မားကိုပဲ ခေါ်သွားပြီး...ပြလိုက်ရမလား...
.
.
.
အားးး...မဖြစ်ဘူး...မဖြစ်ဘူး...မား သိရင် ငါ့ကို ဆူမှာ...ကောင်းကင်နတ်ဘုရားကို လက်မထပ်ချင်လို့...အခုလို လုပ်တာမှန်း သိရင်...ငါ့ကို တော်တော် စိတ်ဆိုးသွားမှာ...မဖြစ်သေးဘူး...
YOU ARE READING
He Created (သူ ဖန်တီးသော)(U&Z) - Completed