(Unicode)
*ရှောင်း...
တိုးညှင်းတဲ့ ခေါ်သံနဲ့အတူ မိမိအား ခပ်တင်းတင်း ဖက်လိုက်တဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က စိုးရိမ်တကြီး ငုံ့ကြည့်လိုက်သည်။
*သခင်လေး...သတိရလာပြီလား...
*ဘာလို့...ဝမ်ရိပေါ် လို့...မခေါ်တော့တာလဲ...
မိမိ မေးသည်ကို မဖြေဘဲ ပြန်လည်ကာ မေးလာတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် အဖြေရ ခက်သွားသည်။
*အဲ့ဒါက...
*ကျွန်တော့်ကို အဲ့လိုပဲ ခေါ်ပါ...ကျွန်တော်က ရှောင်းရဲ့ သခင် မဟုတ်ပါဘူး...ရှောင်းကသာ ကျွန်တော့်ရဲ့ သခင်...
တိုးတိုးလေး ပြောပြီး ငြိမ်ကျသွားတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က ခပ်တင်းတင်း ပွေ့ဖက် ထားခဲ့မိသည်။ အပြင်မှာတော့ မိုးလေတို့က သည်းနေဆဲ။
🎐 🎐🎐 🎐🎐🎐
ဒီနေရာလေးက ရှောင်းကျန့်တို့သားအဖ တောထဲသို့ ထင်းကောက်ထွက်လျှင် ထင်းတွေ စုထားတတ်တဲ့ နေရာလေးပါ။ ၂ ရက်တန်သည် ၃ ရက်တန်သည် နေပြီး ထင်းကောက်တတ်ကြသည်မို့ တဲလေးထိုးကာ နေလို့ရအောင် ဆောက်ထားခဲ့ခြင်း ဖြစ်သည်။
အခုတော့ ဒီတဲအိမ်လေးထဲမှာ ဝမ်ရိပေါ်အတွက် နားနေနိုင်ဖို့ ပြင်ဆင်ရပေတော့မည်။ ဆောင်းလာတဲ့ ထီးကို ပိတ်ကာ တဲလေးထဲသို့ ရှောင်းကျန့် ဝင်လာခဲ့သည်။
*ရှောင်း...မိုးရေထဲမှာ ဘယ်တွေ သွားနေတာလဲ...အဝတ်တွေလည်း စိုရွှဲနေတာပဲ...
တဲထဲကို ရှောင်းကျန့် ဝင်လိုက်သည်နှင့် ဝမ်ရိပေါ်က အလျင်အမြန် ပြေးဖက်လိုက်သည်။
*မဖက်နဲ့...ရေစိုကုန်လိမ့်မယ်...
အိမ်ကို ခဏ ပြန်တာပါ...မင်း...မင်းအတွက် အဝတ်အစားရယ်...စားဖို့ စားစရာရယ် သွားပြန်ယူတာ...မိုးရွာနေတော့ အဝတ်ကတော့ စိုမှာပေါ့...ရှောင်းကျန့်ရဲ့ မဝံ့ရဲတဲ့ အသုံးအနှုန်းနဲ့ အပြောအဆိုကြောင့် ဝမ်ရိပေါ် မျက်နှာက ပြုံးရွှင်သွားသည်။
*ရဲရဲတင်းတင်း ပြောပါ ရှောင်းရယ်...ရှောင်း အခုလို ပြောရင်...ကျွန်တော်နဲ့ အရမ်း နီးကပ်လာသလို...ခံစားရတယ် သိလား...ကျွန်တော် အရမ်း သဘောကျတယ်...ရှောင်းရော...သဘောကျလား ဟင်...
YOU ARE READING
He Created (သူ ဖန်တီးသော)(U&Z) - Completed