(Unicode)
ခုံသမာဓိ ရုံးတော်မှ အခေါ်လွှတ်သည် ဆိုခြင်းကြောင့် ရှောင်းကျန့်တယောက် ဇဝေဇဝါနဲ့ လိုက်လာခဲ့ရသည်။
ဘာကိစ္စ ရှိလို့ များပါလိမ့်...
🎐 🎐🎐 🎐🎐🎐
ရိပေါ်...
*အရှင်ရော ရောက်နေတာလား...
နတ်ပေါင်းများစွာ စုဝေးကာ ရောက်ရှိနေတဲ့ ခုံသမာဓိ ရုံးတော်မှာ ဝမ်ရိပေါ်ကိုပါ တွေ့လိုက်ရသဖြင့် ရှောင်းကျန့်က အနားကို အပြေး သွားလိုက်သည်။ ဝမ်ရိပေါ်က ခေါင်းငြိမ့် ပြလေသည်။
*ကြင်ယာတော်လောင်း ရှောင်းကျန့်...အရှင့်ကို ကောင်းကင်နတ်ဘုရားက လိမ်လည် လှည့်ဖျားပြီး...လက်ထပ်ခွင့် တောင်းခဲ့တယ်လို့...တိုင်ကြားလာပါတယ်...
ဟုတ်ပါသလား...*ဟင်...
မဟုတ်ပါဘူး...ရှောင်းကျန့်က ခုံသမာဓိ နတ်မင်းများကို နားမလည်သလို ကြည့်ရင်း ခေါင်းခါ ပြလိုက်သည်။ ထို့နောက် အနားမှ ဝမ်ရိပေါ်ရဲ့ လက်ကို ဆုပ်ကိုင် လိုက်လေသည်။
*ရိပေါ်...ဘာတွေ ဖြစ်နေတာလဲ ဟင်...
*ဘာမှ မဟုတ်ပါဘူး ရှောင်းရယ်...စိတ်မပူပါနဲ့...
အနားကပ်ကာ တိုးတိုးလေး မေးနေတဲ့ ရှောင်းကျန့်အား ဝမ်ရိပေါ်က အားပေးစကား ပြောလိုက်သည်။
*ကဲ...ဒီအမှုကို တိုင်ကြားထားတဲ့...နတ်သား လင်းချူမင်း...ရှေ့ကို ထွက်လာခဲ့ပါ...
လင်းချူမင်း...
ခုံသမာဓိ နတ်မင်း၏ စကားကြောင့် ရှောင်းကျန့်က အလန့်တကြား လှမ်းကြည့်လိုက်သည်။ လင်းချူမင်းက တဘက်ခြမ်းမှာ ရပ်ပြီး ဝမ်ရိပေါ်ကိုသာ စူးစူးရဲရဲ ကြည့်နေလေသည်။
*နတ်သား လင်းချူမင်း...အရှင်က ကောင်းကင်နတ်ဘုရားဟာ...ကြင်ယာတော်လောင်း ရှောင်းကျန့်ကို...လိမ်လည် လှည့်ဖျားပြီး လက်ထပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုထားတယ်...
သို့သော်လည်း ကောင်းကင်နတ်မျှော်စင်မှ...စိတ်အလင်းရှင် ဖန်လုံးကို စစ်ဆေး ကြည့်ရာမှာလည်း...မသင်္ကာစရာ ဘာမျှ မရှိခဲ့ဘူး...
ထို့အတူ ကြင်ယာတော်လောင်း ရှောင်းကျန့်ကလည်း...ငြင်းဆိုနေတယ်...
အရှင့်မှာ သက်သေပြစရာ...ဘာများ ရှိပါသလဲ...
ကောင်းကင် ခုံသမာဓိရုံးမှာ...လိမ်ညာပြီး တိုင်ကြားရင်...ပြစ်ဒဏ်ကြီးကြောင်းကို...အရှင်လည်း သိပြီး ဖြစ်မှာပါ...
YOU ARE READING
He Created (သူ ဖန်တီးသော)(U&Z) - Completed