HC - 57 (U&Z)

232 31 4
                                    

(Unicode)

*မြန်မြန် ရေသွားချိုးလိုက်...မင်း ထမင်းစားဖို့ မားက ပြင်ပေးထားခဲ့တယ်...မြန်မြန် သွားချိုး...

ကောင်းကင်နန်းတော်ကို ရောက်သည်နှင့် ရှောင်းကျန့်က ဝမ်ရိပေါ်အား ခပ်လောလောလေး ပြောလိုက်သည်။ ဝမ်ရိပေါ်က နာခံစွာ ထွက်သွားလေသည်။ မိမိအား မခွဲနိုင်သလို ကြည့်ရင်း ထွက်သွားတဲ့ ဝမ်ရိပေါ်အား ရှောင်းကျန့်ကလည်း ငေးကြည့်နေမိသည်။

ထူးဆန်းတယ်...ရိပေါ်က ငါ့ကိုတော့ မှတ်မိပြီး...လင်းချူမင်းကိုကျ မမှတ်မိသလိုပဲ...ဘာလို့လဲ...အရင်တုန်းက ကောင်းကင်နန်းတော်က အကြောင်းတွေကို...ရိပေါ်က မမှတ်မိတော့တာလား...အဲ့လိုဆို ဘယ်လို လုပ်မလဲ...မဖြစ်နိုင်ပါဘူး...ဒါပေမယ့်...ဘာ...လို့...များ....

ရှောင်းကျန့်တယောက် လေသာဆောင်မှာ ရပ်ရင်း အတွေး နယ်ချဲ့နေမိသည်။ ဝမ်ရိပေါ် ၏ အခြေအနေကို သူ သေချာသိမှ ဖြစ်မည်ဟုလည်း တွေးလိုက်မိသည်။ ဒါမှသာ ဖြစ်လာသမျှကို ရင်ဆိုင်ပြီး ဝမ်ရိပေါ်ကို အကောင်းဆုံး ကာကွယ်နိုင်မည် မဟုတ်ပါလား။

🎐 🎐🎐 🎐🎐🎐

*ဘာတွေ တွေးနေတာလဲ ရှောင်း...

မိမိကို နောက်ဘက်မှ သိုင်းဖက်ရင်း ပုခုံးပေါ် မေးတင်လာတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က လှည့်ကြည့်လိုက်သည်။

*ဟင်...ဘာလို့ အတွင်းခံနဲ့ ထွက်လာတာလဲ...မင်းအတွက် အဝတ်အစားတွေ ပြင်ပေးထားတယ်လေ...မတွေ့ဘူးလား...

ရှောင်းကျန့်က အလန့်တကြား မေးလိုက်သည်။ ဝမ်ရိပေါ်ကတော့ ဂရာမစိုက်စွာ ပြုံးလိုက်လေသည်။

*တွေ့သားပဲ...ရှောင်းများ ကျွန်တော့်ကို ဒီလိုပုံစံနဲ့ မြင်ချင်မလားလို့ ဝတ်မလာတာ...ရှောင်းက သဘောမကျဘူးလား...

*မကျဘူး...မြန်မြန် သွားဝတ်ချေ...

*ဒါဆိုလည်း အဝတ်တွေကို  ရှောင်း ဝတ်ပေးပါနော်...အဟင်း...

ဝမ်ရိပေါ် ၏ ညစ်ကျယ်ကျယ် ​အကြည့်ကြောင့် ရှောင်းကျန့်က ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။

*ဒီလို ပုံစံကို မြင်ချင်ရအောင် ငါက နှာဗူးမို့လား...လာ...အင်္ကျီ သွားဝတ်မယ်...

He Created (သူ ဖန်တီးသော)(U&Z) - CompletedWhere stories live. Discover now