HC - 22 (U&Z)

410 47 8
                                    

(Unicode)

တောလမ်းလေးအတိုင်း ရှောင်းကျန့်က အထုပ်ကလေးကို လွယ်ကာ ခပ်သွက်သွက်လေး လျှောက်လာခဲ့သည်။ ဝမ်ရိပေါ်နဲ့ သူ မတွေ့ရတာလည်း တပါတ် ရှိနေပြီမို့ တွေ့ချင်လှပြီလေ။

*ရှောင်း...

အနားကို အပြေး ရောက်လာတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် မျက်နှာလေး ပြုံးသွားရသည်။

*ထင်းတဲမှာပဲ...စောင့်နေရင်...ပြီးရောဟာကို...

*ဟင့်အင်း...ဒီနေ့ ထင်းတဲကို မသွားတော့ဘူး...

ဝမ်ရိပေါ် စကားကြောင့် ရှောင်းကျန့်က အံ့ဩသွားရသည်။

*ဘာလို့လဲ...

*ပြောမပြပါဘူး...
  လာ...လိုက်ခဲ့...

*ဘယ်ကိုလဲ...

မေးသည်ကို မဖြေဘဲ မိမိ လက်ကို ဆွဲကာ လျှောက်သွားတဲ့ ဝမ်ရိပေါ် နောက်ကို ရှောင်းကျန့်လည်း ထပ်ကြပ်မကွာ လိုက်ခဲ့သည်။

ဒီလူသည် မကြာခင်မှာပင် မိမိ၏ ခင်ပွန်း ဖြစ်လာတော့မည် မဟုတ်ပါလား။

ဟုတ်ပါတယ်.....

ဒီနေ့ လပြည့်ညပါ.....

🎐 🎐🎐 🎐🎐🎐

*ဒါ...က...

မြင်နေရတဲ့ သစ်လုံး အိမ်လေးကို ရှောင်းကျန့်က အံ့ဩတကြီး ကြည့်နေခဲ့သည်။ ဝမ်ရိပေါ်က ရှောင်းကျန့်ကို ကြင်နာစွာ ပွေ့ဖက်လိုက်သည်။

*ကျွန်တော်တို့ရဲ့ မင်္ဂလာဦးအိမ်​ေ လးလေ...ရှောင်း သဘောကျလား ဟင်...
လာ...ဒီကနေ ကြည့်ရင်...ရှောင်းရဲ့ ရွာကို လှမ်းမြင်ရတယ်...
ဟိုမှာလေ...

*ဝမ်ရိပေါ်...

မိမိရွာဆီ လက်ညိုးထိုးပြနေသည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် တယောက် မျက်ရည် ဝဲသွားရသည်။ ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်နှင့် ပါးချင်းအပ်ကာ ရွာကို ငေးကြည့်နေသည်။

*ကျွန်တော်နဲ့ လက်ထပ်လိုက်ရင်...ရှောင်း ရွာကို ပြန်လို့ မရတော့ဘူး ဆိုတာ...ကျွန်တော် သိတယ်...ဒါကြောင့် ပြီးခဲ့တဲ့ တပါတ်လုံး...ဒီအိမ်လေးကို...ကျွန်တော် လာပြီး ဆောက်နေခဲ့တာ...

He Created (သူ ဖန်တီးသော)(U&Z) - CompletedWhere stories live. Discover now