(Unicode)
မိမိ ရှေ့မှာ ခေါင်းလေးငုံ့ကာ မခို့တယို့ ထိုင်နေတဲ့ အမျိုးသမီးလေးကို ရိပေါ်က ခပ်ငေးငေး ကြည့်နေခဲ့သည်။ စိတ်ထဲမှာလည်း အသေးလေးနှင့် ယှဥ္ကာ တွေးကြည့်နေမိသည်။ သူမသည် အသေးလေးလိုပင် မိမိ့ထက် အနည်းငယ် ပို၍ အသက်ကြီးဟန် တူသည်။ စကား ပြောသံ၏ နားဝင်ပီယံ ဖြစ်ခြင်းလည်း တူသည်။ သို့သော်လည်း အသေးလေး၏ အသံကဲ့သို့ ကြင်နာ အားနာတတ်သော ခံစားမှုမျိုးကို မရ။ သူမ၏ မခို့တယို့ မျက်ဝန်းများ၏ အကြည့်သည် အသေးလေး၏ မျက်ဝန်းများလောက် ကြည်လင်မှု မရှိခဲ့။ အပြုံးများသည်ပင် အသေးလေး၏ လွတ်လပ်သော အပြုံးများလောက် အပြစ် ကင်းစင်သည့်ပုံ မပေါ်။
တကယ်ကို ဘာတခုမှ မတူတာပဲ...ရောထွေးတဲ့ ခံစားချက် တခုပဲ ရှိတယ်...ခင်ဗျားက တကယ်ကို စိတ်ရှုပ်ဖို့ ကောင်းတာပဲ...
ရိပေါ်က အမျိုးသမီးလေးကို ကြည့်ရင်း မှတ်ချက် ချလိုက်သည်။
*အဲ့တော့ သခင်မလေးရဲ့ ဒီနှုတ်ခမ်းအောက်က မှဲ့က...မွေးစတုန်းက မရှိခဲ့ဖူးပေါ့...အဲ့လို့လား...
ရိပေါ်ရဲ့ အမေးကို အမျိုးသမီးလေးက ညင်သာစွာ ခေါင်းငြိမ့်ပြလေသည်။
*ဟုတ်ပါတယ် သခင်လေး...ရွယ်ရွယ် အသက် ၄ နှစ် သမီးလောက်မှ စပြီး...ပေါ်လာတာလို့ ပြောပါတယ်...
*ဪ...
ရိပေါ်၏ အတွေးများ ရှုပ်ထွေးသွားရသည်။ မည်သူသည် မိမိ၏ ကံကြမ္မာကို ဝင်ရောက် စွက်ဖက်နေသနည်း။
ဘာအတွက်လဲ...ဘာကြောင့်လဲ...
*ဒါနဲ့ သခင်မလေးရဲ့ ခင်ပွန်းလောင်းနဲ့ကရော...မိဘတွေရဲ့ စီမံမှုကြောင့် လက်ထပ်ဖို့ ဖြစ်လာတာလား...
ရိပေါ် စကားကြောင့် သခင်မလေး ရွယ်ရွယ်က ခေါင်းကို ခပ်ဖြည်းဖြည်း ခါရမ်းလိုက်သည်။
*မဟုတ်ပါဘူး...ရွယ်ရွယ်တို့က သက်တူ ရွယ်တူလည်း ဖြစ်တယ်...ပညာသင်တော့လည်း ဆရာတယောက်ထဲ ဆီမှာ အတူတူ...သင်...ခဲ့...ကြ...တော့...
*ရည်ငံခဲ့ကြမှာပေါ့...ဟုတ်တယ်မလား...
ပြောရခက်ဟန် တူနေတဲ့ သခင်မလေး ရွယ်ရွယ်ကို ရိပေါ်က စကား ထောက်ပေးလိုက်သည်။ ရွယ်ရွယ်က ခေါင်းကို ခပ်လေးလေးငြိမ့်လိုက်သည်။
YOU ARE READING
He Created (သူ ဖန်တီးသော)(U&Z) - Completed