(Unicode)
*ဘာကောင်မှန်း မသိဘူး...နှာဗူးထနေတာ...ကြက်သီးတောင် ထတယ်...တကယ်ပါပဲ...
မိမိခန္ဓာကိုယ်ကို ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်ရင်း ရှောင်းကျန့်တယောက် အိပ်ခန်းဆီသို့ ပြန်လာခဲ့သည်။
*ဒီလို ကောင်ကိုများ...ကောင်းကင်နတ်ဘုရားက...ဘာကြည့်ပြီး သဘောကျတယ် မသိဘူး...ဟင်း...
တယောက်ထဲ ပွစိပွစိ ရေရွတ်ရင်း မိမိအိပ်ခန်းထဲသို့ ရှောင်းကျန့် ဝင်လာခဲ့သည်။
*နေပါဦး...ငါကလည်း ဘယ်လို လုပ်ပြီး...ဝမ်ရိပေါ်ရဲ့ ပေါင်ပေါ်ကို တက်ထိုင်မိသွားရတာလဲ...
တကယ်ပါပဲ...သူကလည်း နည်းနည်းမှကို အလစ်မပေးတာနော်...နှာဗူးထသွားတယ်...ကောင်စုတ်...မင်းနဲ့ ကောင်းကင်နတ်ဘုရားသာ ယူလို့ကတော့...ဘယ်သူမှ အနားကပ်ရဲမယ် မထင်ဘူး...နှာဗူး နှစ်ကောင်...ဟင်း...ရှောင်းကျန့်တယောက် မကျေမနပ် ရေရွတ်နေခဲ့သည်။
*ဟား...ငါ အခု သူ့ကို လက်မထပ်ခိုင်းတော့ဘူးလို့ ပြောလာမိပြီ...ဒါဆို သူ့ကို ချစ်အောင် လုပ်ပေးမယ့်သူ...မရှိတော့ဘူးပေါ့...
အဲ့ဒါဆို ကောင်းကင်နတ်ဘုရားကို...ငါက လက်ထပ်ရတော့မှာပေါ့...မဖြစ်ဘူးလေ...
အားးး...အခု ဘာလုပ်ရမှာလဲ နှာဗူးနတ်ကြီးရဲ့...ခင်ဗျားကြောင့်...ကျုပ် ဒီမှာ ဒုက္ခ ရောက်နေပြီ...
.
.
.
မဟုတ်သေးပါဘူး...ငါ မလုပ်ချင်ရင် ပြန်လာခဲ့လို့...သူ ပြောလိုက်သားပဲဟာ...ငါပဲ ရအောင် လုပ်မယ်လို့ လျှာရှည်ပြီး ပြောလိုက်တာလေ...ဒါပေမယ့် အခုအချိန်မှ ပြန်သွားရင်...ငါက အသုံးမကျတဲ့နတ် ဖြစ်သွားမှာပေါ့...မဟုတ်ရဘူးလေ...ဂါးးးး...ရှောင်းကျန့် တယောက် သူ့အိပ်ခန်းထဲမှာ အော်ဟစ်ကာ သောင်းကျန်း နေခဲ့လေသည်။
🎐 🎐🎐 🎐🎐🎐
*ဟား...ဟား...ဟား...
အရမ်း ချစ်ဖို့ ကောင်းတဲ့ နတ်သားလေး...သူ့စကားနဲ့သူ ပိတ်မိနေတာ...*ပင်ပန်းရင်လည်း...ပြန်ခဲ့ရောပေါ့ကွာ...ကိုယ်တော် မင်းကို ဖိအား မပေးပါဘူးလို့...ပြောထားပြီးသားပဲဟာ...
ဘာလို့များ အပင်ပန်းခံနေတာလဲ ကွာ...ခက်လိုက်တာ...ဟင်း...
YOU ARE READING
He Created (သူ ဖန်တီးသော)(U&Z) - Completed