တီ..တီ..တီ။
ဧည့်ခန်းကဖုန်းမြည်သံကြောင့် ဒေါ်ခင်မေတစ်ယောက်မီးဖိုခန်းကအမြန်ပြေးထွက်ပြီး အပြေးအလွှားဖုန်းပြေးကိုင်ရသည်။
သမီးတစ်ယောက်ရှိသော်လည်း တစ်နေကုန်နေလို့အခန်းပြင်တစ်ကြိမ်မထွက်။ သူမသာ ဖုန်းသွားမကိုင်ရင် ဒီအိမ်မှာဘယ်သူ့မှာကိုင်ပေးမယ့်သူမရှ်ိ။တယ်ခက်ပါဘိ။
/ဟယ်လို..ဟုတ်ပါတယ်ရှင့် ကျွန်မက သူ့အမေပါ..ရှင် ! ဘယ်လိုလို ရဲစခန်းဟုတ်လား..ဟုတ်ဟုတ်အခုလာပြီ !/
ဖုန်းကိုခွက်ခနဲအသံမြည်အောင်ချလိုက်သည်။
အသက်ကြီးပြီးအချိန်မစီးသည့်သားတော်မောင်ကို တသကြီးဆုတွေထိုင်ပေးနေလိုက်သည်။ ဘယ်နှယ့် အသက်၂၅ နှစ်ဖြစ်နေပြီ ကို ဒီအမေက ရဲစခန်းကိုလိုက်ထုတ်ပေးရသတဲ့တဲ့ ! ကြားလို့မှကောင်းရဲ့သေးလား အရပ်ကတို့တို့ရေ!!
တယ်! ဒီကလေးတယ်ဂျိုမွှေသကိုး!!။
~~~~
ဧည့်ခန်းမှာ ကြုံ့ကြုံလေးထိုင်နေတဲ့သူမ၏ သားတော်မောင်ကို ဒေါ်ခင်မေတစ်ယောက်ရိုက်သတ်ချင်လာတယ်။
ဒီအမေမှာအမောတကော ရဲစခန်းသွားလိုက်ရတာ ဟိုရောက်တော့ ဒင်းရဲစခန်းရောက်တဲ့ပြစ်မှုက ရှေးဟောင်းပြတိုက်သွားပြီး မကိုင်ရဆိုတဲ့ဟာကိုသွားကိုင်သတဲ့တဲ့။ လူငယ်အချင်းချင်းထိုးကြနှက်ကြလို့ရဲစခန်းရောက်တယ်ဆိုကြားကောင်းသေး၊ အခုက..ငါနော်! ။
"နှောင်းရိပ်စက်သူ! "
သူမလေသံခပ်မာမာနဲ့အော်လိုက်တော့ဇီးရွက်လောက်ရှ်ိတဲ့မျက်နှာနဲ့မော့ကြည့်လာသည့်သားတော်မောင်။" မေမေကလဲ ..မအော်ပါနဲ့ .."
" တော်! တန်! တိတ်!
ကြားလို့မှကောင်းရဲ့သေးလား နှောင်းရိပ်စက်သူ ! ငါအိုကြီးအိုမက သားကိုရဲစခန်းကနေ အာမခံနဲ့သွားထုတ်လာရတယ်တဲ့ ! ဖြစ်တဲ့ဟာကလဲ ပြတိုက်ကဟာတွေကိုထိလို့တဲ့ ! ထိုးကြနှက်ကြလို့ဆိုတော်သေး! အခုဟာက ! နှောင်းရိပ်စက်သူ နင်ဘယ်တော့မှရင့်ကျက်မှာလဲ !"" မေမေကလဲ..သားက ကလေးပဲရှိသေးတာကို !"
" နှောင်းရိပ်စက်သူ ! နင်ငါ့ကိုလာဆွနေတာလား"
YOU ARE READING
နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)
Romance၂၁ရာစုက နှောင်းရိပ်စက်သူတစ်ယောက် မထင်မှတ်ပဲ ၁၉၃၀သို့ရောက်သွားသောအခါ..။ Start Date -25.12.2022(17.9.2022) End Date -