အပိုင်း-၁၉

2.3K 164 13
                                    

Uni+Zawgyi

လေနှင်ရာယိမ်းနွဲ့နေသည့်သစ်ပင်များက နန်းတွင်းကချေသည်များအလားကခုန်နေသည်။မဟာသူရိန်နေမင်းကြီးကလဲ တိမ်မဲများဖုံးနေသည်ကြောင့် မဟာပထဝီမြေပြင်ကြီးကို အလင်းရောင်ဟူသည့်သက်ရှိတိုင်းလိုအပ်သည့်အရာကိုကောင်းစွာမဆောင်ကျဉ်းပေးနိုင်။
ကချေသည်တွေဟာ ဇာတ်ကွက်၏အရှိန်မြင့်ဆုံးအချိန်ကိုရောက်လျှင်ကကွက်များပိုမိုမြန်ဆန်လာကာအားပြင်းလာသကဲ့သို့လေနှင်ရာယိမ်းနွဲ့နေသည့်သစ်ပင်တွေရဲ့ယိမ်းနွဲ့မှုဟာလည်းပို၍ကြမ်းတမ်းလာသည်။

နှောင်းရိပ်ထိုမြင်ကွင်းကိုပြတင်းပေါက်မှာထိုင်ရင်းထိုအဖြစ်အပျက်တွေကိုမစိတ်မသုန်ထိုင်ကြည့်နေမိသည်။မျက်ဝန်း‌ေတွဟာလဲအသက်မဲ့လျက်။ အခန်းထဲရှိတိုင်ကပ်နာရီကြီး၏ လှုပ်ရှားသံဟာ တစ်စက္ကန့်ရွေ့တိုင်းတိုးတိုးအော်မြည်နေသည်။

" ရိပ်ရိပ်.."

နောက်ပါးကနေထွက်လာသည့်စိန်စိန်ရဲ့အသံကာ ထိုနာရီသံတိုးတိုးကိုကျော်လွန်၏ နှောင်းရိပ်၏အကြားအာရုံစီပေါက်ရောက်လာသည်။

စိန်စိန့်ကိုလှည့်ကြည့်လိုက်ပြီးဘာလို့ရောက်နေတာလဲ ဟုမေးမည်ဟုပြင်ပြီးမှ

'စာတိုက်ခနသွားဦးမယ်။ ဖိုးစိန်ကိုခေါ်ပေးခဲ့တယ်နော် အချစ်ကလေး 'ဟူသည့်ဦးလေးကြီးရဲ့စကားသံချိုချိုကိုပြန်ကြားယောင်လာမိသည်။

ဦးလေးကြီးအကြောင်းတွေးမိယုံဖြင့်နှောင်းရိပ်ရဲ့နှုတ်ခမ်းဖျားမှာအပြုံးသဲ့သဲ့ဖြစ်တည်လာသည်။ထိုလူအကြောင်းတွေးမိယုံဖြင့် စိတ်တွေအေးချမ်းသွားသည်။ ထိုအခါမှ ဒီလူကို ဒီလောက်တောင်ချစ်မိနေပါလားဆိုသည့်အတွေးတွေကခေါင်းထဲမှာတသီတသန်း။ သိပ်ချစ်ရပါသည် ထိုလူကို။

" မိုးရွာတော့မယ်ထင်တယ်နော်."
ပြတင်းပေါက်ကိုကြည့်နေသည့်စိန်စိန်စီမှအသံခပ်တိုးတိုးထွက်ပေါ်လာသည်။

" ဟုတ်ပါရဲ့။ ဒီအချိန်မိုးရွာရင် ဘယ်သူတွေအတွက်အကျိုးရှိလဲ.."

သူ၏ တောင်စဉ်ရေမရ အမေးကိုစိန်စိန်ကတွေးဆဆပြောသည်။

" ကလေးတွေပေါ့..။ ကလေးဆိုတဲ့အမျိုးက မိုးရွာတာနဲ့ပျော်နေတက်တာမဟုတ်လား..။ ပြီးရင်ဗွက်တလူးလူး၊ ရွှံ့တလူးလူးနဲ့ အမေတွေစီမှာ တုတ်နဲ့အရိုက်ခံရလဲ မိုးရွာပြီဆို ကလေးတွေပျော်နေတက်တာပဲလေ .."

နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)Where stories live. Discover now