အပိုင်း-၁၅

2.1K 152 0
                                    

Uni+Zawgyi

ဈေးဆိုပြီးခေါ်တွင်လို့ရမည့်နေရာရောက်တော့ဆိုင်ခန်းလေးတွေသာတွေ့ပြီး ဈေးသည်ဟူ၍တစ်ယောက်တစ်လေမှမတွေ့ရ။ ဘာကြောင့်ဈေးသည်တွေမရှိရသလဲဆိုတာကို သီပေါမှာမွေးပြီးသီပေါမှာကြီးပျင်းတဲ့စော်ဘွားငယ်ဟာမသိစရာအကြောင်းမရှိဟုတ်စ။

ဒါသာတမင်သက်သက်လုပ်တာပဲဆိုတဲ့အကြည့်နဲ့စော်ဘွားငယ်ကိုမျက်စောင်းဝင့်ကာကြည့်တော့..သူနဲ့မဆိုင်ဟူသည့်အကြည့်မျိုးဖြင့်ကြည့်လာသည်။ နောက်ပြီးပြောလာသေးသည်။

" ဘိလပ်မှာပညာသွားသင်လိုက်တာသီပေါဈေးဖွင့်ချိန်တွေတောင်မေ့သွားသရော..မုန့်စိမ်းပေါင်းလေး စိတ်မဆိုးဘူးမှလား.."

ပြုံးစစမျက်နှာပေးနဲ့ပြောလာသောစော်ဘွားငယ်ကြောင့် ဖိုးစိန်သွေးတက်သွားသည်။

' ဂါးး..ဒါတမင်သက်သက်လုပ်တာ!'

" ဒါဆိုရင်ဖြင့် အဓိကရည်ရွယ်ချက်ဖြစ်တဲ့ဈေးက အဖြစ်မမြောက်သွားတော့စော်ဘွားငယ်က ကျုပ်ကို ဘယ်နေရာစီအလည်အပတ်ခေါ်သွားမှာတုန်း."

" အင်း....ငယ်ငယ်တုန်းက ကိုယ်စားခဲ့တဲ့ ကန်စွန်းဥဖုတ်ဆိုင်လေးတော့ဖွင့်ဦးမယ်ထင်တယ်.."

" ဒါဆိုသွားမယ်လေ ဘာရပ်လုပ်နေတာတုန်း.."

အူတူတူနဲ့ရပ်နေတဲ့စော်ဘွားငယ်ကိုကားရပ်ထားနေရာကိုပြန်ခေါ်သွားရသည်။ တယ် သူကအိမ်ရှင်လား ကိုယ်ကအိမ်ရှင်လား အမှတ်မှားကုန်တော့မှာပဲ။

နှောင်းရိပ် ပူပူနွေးနွေးရည်းစားလေး..မဟုတ်သေးပါဘူး ဆယ်နှစ်ကြီးများတောင်ကွာတယ်ဆိုတော့ ရည်းစားကြီးပေါ့အဟိ။

" ရည်းစားကြီး.."

ဦးလေးကြီးကကားမောင်းနေရင်းနှောင်းဘက်ကိုတစ်ချက်လှည့်ကြည်လာသည်။

" ကျုပ်အချစ်လေးက ကျုပ်ကို ရည်းစားကြီးလို့ခေါ်တော့ ရည်းစားလေးက ထပ်ရှ်ိသေးသလား.."

" အင်းး..."
စဉ်းစားဟန်တစ်ချက်ပြုလိုက်ပြီး..။

" ရည်းစားလေးက မြို့အုပ်မင်း.ရည်းစားလတ်က ဦးမြတ်ခေတ်ရာဇဝင်မျိုး..ရည်းစားကြီးက ဦးလေးကြီး"

နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)Tempat cerita menjadi hidup. Temukan sekarang