အပိုင်း-၁၇

2K 161 5
                                    

Uni+Zawgyi

ကလေးငယ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီဆိုသေချာမှ အိမ်အောက်ထပ်မှာအသင့်စောင့်နေတဲ့လူတစ်ယောက်နဲ့သွားတွေ့ရန်ပြင်ရသည်။ အခန်းထဲကထွက်မခွာခင် အိပ်ပျော်နေတဲ့နှလုံးသားငယ်ကိုသေသေချာချာကြည့်ပြီးသက်ပြင်းတစ်ချက်ချမိသည်။

' ဒီဆုံးဖြတ်ချက်ချတာမှန်သလား၊မှားသလားကျုပ်မသိဘူးအချစ်ရယ် ဒါပေမဲ့ဒီဆုံးဖြတ်ချက်က ကျုပ်တို့နှစ်ယောက်လုံးအတွက်အကောင်းဆုံးဖြစ်မယ်ထင်တယ်.။'

အောက်ထပ်ရောက်တော့အသင့်ရောက်နေသည့်လူကိုနှုတ်ဆက်လိုက်သည်။

" တွေ့ရတာဝမ်းသာပါတယ်မြို့အုပ်မင်း."

ယဉ်ကျေးမှုအရနှုတ်ဆက်သည်ကိုလက်ခံသလိုသာခေါင်းငြိမ့်ပြလိုက်သည်။

" အစီအရင်စမယ်ဆို ဒီလကုန်လကွယ်ရက်မှာစသင့်တယ်လို့ထင်တယ်."

" ဘာကြောင့်များလဲ! သိပ်ကိုစောလွန်းမနေဘူးလား အကယ်၍များ တစ်ခုခုချွတ်ချော်ခဲ့လို့ရှိရင် ကျုပ်နှလုံးသားငယ်ထိခိုက်လိမ့်မယ်.!"

လက်မခံသလိုပြောတော့တစ်ဖက်လူက မဲ့ပြုံးပြုံးလာသည်။

" အဲ့တာဆို ဘာလို့များ ဒီလိုလူ့စည်းမျဥ်းကို‌ေဖာက်ဖျက်တဲ့ပြစ်မှုကိုကျူးလွန်ခဲ့ရတာလဲ?။ "

" ကျုပ်ကျူးလွန်ခဲ့တာမဟုတ်ဘူး! "

" အဲ့တာကိုမြို့အုပ်မင်းကိုယ်တိုင်ပဲသိမယ်ထင်တယ် ကျုပ်နဲ့ပြိုင်ငြင်းနေလဲ မြို့အုပ်မင်းဘက်ကငြင်းဆိုနေရင် ဘာမှမတက်နိုင်ဘူးလေ."

ခနဲ့တဲ့တဲ့စကားသံကို ကိုယ်တိုင်ကြားနေရသော်လည်းတုံ့ပြန်နိုင်စွမ်းအလျဉ်းမရှ်ိ။

ဆယ်ကျော်သက်ဘဝတည်းက မြင်မက်လာတဲ့အိမ်မက်ထဲက နှလုံးသားငယ်ကိုတွေ့ချင်ပါတယ်လို့သူကိုယ်တိုင်ကပြင်းပြင်းထန်ထန်ဆုတောင်းမိခဲ့သည်မဟုတ်လား။ ကလေးငယ်ရဲ့ပန်းချီတွေကိုလည်းသူကိုယ်တိုင်ရေးဆွဲခဲ့မိသည်မဟုတ်လား။ ပြင်းပြတဲ့စိတ်ကြောင့် ဤအရာတွေဖြစ်ပေါ်လာခဲ့သည်ဆိုတာကိုလဲ မငြင်းပယ်နိုင်။

နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)Where stories live. Discover now