-အပိုင်း(၆)-

3K 241 0
                                    

Uni+Zawgyi
အိမ်ပြန်ခရီးဟာတိတ်ဆိတ်လွန်းလှ၏။
တစ်ယောက်သောသူရဲ့ ဦးလေးကြီးဆိုတဲ့ အသံလေး မကြားရတော့ တစ်စုံတစ်ရာလိုအပ်နေသလိုပင်။

တအိအိမောင်းလာသောကားလေးမှာ ဘောင်ဒရီလမ်းထဲသို့ မောင်းနှင်လာပြီး ထောင့်စွန်းခြံကျယ်ကြီး‌ေရှ့ကြမှတိခနဲရပ်သွားလေ၏။

နှောင်းရိပ် ကားစက်သတ်လိုက်တော့ အတွေးတွေထဲကနေရုန်းထွက်လာနိုင်၏။ ကားပေါ်ကဆင်းပြီး အိမ်အပြင်ဘက်ကိုသေချာကြည့်မိတော့မှာ ခြံစည်းရိုးအစား ပုဏ္ဍရိက် ပန်းပင်လေးတွေ စိုက်ထားသည်ကိုသတိထားမိ၏။ အစက ရိုးရိုးခြုံပုတ်တွေမှန်းထင်ခဲ့တာ အခုကြမှ ပန်းပင်တွေဖြစ်မှန်းသိတဲ့ သူ့အဖြစ်ကိုသူရယ်ချင်မိ၏။

ငယ်ငယ်တုန်းက ပုဏ္ဍရိက် ပန်းရဲ့ဝတ်ရည်ကို ရိုးတံလေးက စုတ်သောက်ခဲ့တဲ့အချိန်တွေကိုမှတ်မိသေးတယ်။ နှောင်းရိပ်မေနဲ့ သူနဲ့ ပန်းတွေကို စုတ်စားလွန်းလို့ ပန်းပင်မှာ ပန်းပွင့်ဆိုတာ မမြင်ရသလောက်ရှားသည်။

အခုတော့ လုစုတ်သောက်မဲ့သူမရှ်ိတော့ သူတစ်ယောက်တည်း အဝစားပစ်မည်။ ပန်းရုံနားသွားပြီး ပန်းပွင့်တွေကို တစ်ပွင့်ချင်းစီခူးပြီး ရိုးတံကို စုတ်စားနေလိုက်သည်။

ပန်းဝတ်ရည်အရသာချိုမြမြက လောကကြီးနဲ့အဆက်သွယ်အပြတ်သွားနိုင်လေရဲ့။

မြို့အုပ်မင်း တစ်ယောက် ပေါက်စနရဲ့ အစားသောင်းကျန်းမှုကို တဂယ်လက်ဖျားခါသွားသည်။ ဘယ်နှယ့်ခြံစည်းရိုးအနေနဲ့စိုက်ထားတဲ့ပန်းရဲ့ဝတ်ရည်ကိုမှ စုတ်စားနေလေရဲ့။ အစောနက အိမ်နဲ့ဝေးကွာရလို့ဝမ်းနည်းနေတဲ့ သူငယ်မှာဘယ်သူနည်း။

" ပေါက်စနကကွာ..ရေဆေးပြီးမှစားလေကွာ "
သူပြောလိုက်တော့..

" ဦးလေးကြီး ကလဲ ရေ‌ေ‌ဆးလိုက်ရင် အချိုအရသာတွေလျော့ကုန်မှာပေါ့။ "
ပန်းဝတ်ရည်ကို ကုန်အောင်စုတ်ရင်း ပြန်ပြောလာသောစကား‌ေကြာင့် မြို့အုပ်မင်း လက်ဖျား ခါမိသည် ။

တယ်! ဒီကလေးနဲ့တော့ ခက်ရချည်ရဲ့။

" တန်ရင်ဆေး ၊ လွန်ရင်ဘေး လေကွာ..အများကြီးစားထားပြီးပြီ ပဲ တော်လိုက်တော့ပေါက်စန ။ မသိရင် သရောကြီးခိုင်းနေတာနဲ့‌ေတာင် ဆင်နေသရော့!။ "

နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)Hikayelerin yaşadığı yer. Şimdi keşfedin