-အပိုင်း(၈)-

2.7K 211 2
                                    

Uni+Zawgyi

အချိန်တွေဟာလည်းတရွေ့ရွေ့နဲ့ကုန်ဆုံးသွားသည်။ ရက်တွေဟာလည်း လအဖြစ်သို့ကူးပြောင်းကုန်ချေပြီ။ အရာအားလုံးဟာမသိမသာပြောင်းလဲသွားသကဲ့သို့ မြို့အုပ်မင်းအိမ်တော်၏လူသားနှစ်ယောက်၏ ဆက်ဆံရေးဟာလည်းမသိမသာပြောင်းလဲခဲ့ချေပြီ။

အိမ်မကြီးတစ်အိမ်လုံးတိတ်ဆိတ်နေသလောက်၊ အပေါ်ထပ်မြို့အုပ်မင်း၏ အိပ်ခန်းမှာတော့ ကောင်လေးတစ်ယောက်၏ ဂျစ်တိုက်သံတွေ၊ မြို့အုပ်မင်း၏ တဟားဟားအော်ရီသံတွေဖြင့်ဆူညံနေခဲ့သည်။

အကြောင်းသည်ကတော့..
" ဦးလေးကြီး..လိုက်ပို့ပါဆို။ ရုံးလဲပိတ်ရက်လေ..အပြင်ထွက်ရအောင်လို့။ "

" လိုက်မပို့နိုင်ပါဘူးကွာ..အပြင်မှာ နေတွေပူနေတာ အပူလျှပ်လိမ့်မယ်။ ခေါင်းမမာစမ်းပါနဲ့ပေါက်စနရာ။ "

" ဦးလေးကြီး! လိုက်ပို့ပါဆိုနေ။ ဦးလေးကြီးလိုက်မပို့ရင် ယုနဲ့ အရီးနဲ့တူတူသွားလိုက်မှာနော် ဦးလေးကြီး!"

" သွားလေ..သွားရင်ကိုယ့်စရိတ်ကိုယ်ရှင်းရမှာနော်၊   သူတို့ကိုကျုပ်လစာ မပေးရသေးဘူး။ "

ဂါးးး
ပြုံးစစမျက်နှာပေးဖြင့်ပြောလာသောထိုလူကြီးကို နှောင်းရိပ်ရိုက်ပစ်လာချင်လာ၏။ ရိုက်တော့မရိုက်ရဲဘူး ဂတ်ထဲမှာတစ်ညအိပ်နှစ်ရက်ခရီးအလည်ခရီးသွားလိုက်ရမှာဆိုးလို့။

မျက်နှာရှစ်ခေါက်ချိုးနဲ့ ဆူပုတ်နေတဲ့ ပေါက်စနရဲ့မျက်နှာကိုအရသာခံကာထိုင်ကြည့်နေလိုက်သည်။ သိတာပေါ့ ဒီကလေးမှာအပိုသုံးစရာ ပိုက်ဆံမှမရှ်ိတာ။ ဒီအိမ်ရောက်လာကတည်းက ထိုကလေးရဲ့ ကုန်ကျစရိတ်နဲ့ အပြင်သုံးငွေတွေအကုန်လုံးကို သူပဲ အိတ်စိုက်ထုတ်ပေးခဲ့တာလေ။ အဲ့တာကိုသိတဲ့ ပေါက်စနကလဲ သူမလိုက်မပို့မချင်း ဒီကလေး သူ့ကိုဂျစ်တိုက်နေမှာ။

လုပ်နိုင်ရင်လုပ်ကြည့်စမ်းလေ ဆိုတဲ့ မျက်နှာပေးနဲ့ ကြမ်းပြင်မှာ လူးလိမ့်နေတဲ့ ပေါက်စနကို ကြည့်နေလိုက်သည်။

ဆူပုတ်နေတဲ့ မျက်နှာနဲ့ ကြမ်းပြင်ပေါ်လူးလိမ့်နေတဲ့ပေါက်စနကို မနေနိုင်တဲ့အဆုံး သူ့ဘက်ကပဲစပြီး..အလျော့ပေးရတော့ပြီ။ သို့ပေမဲ့ အလကားတော့မရ အပေးရှ်ိရင်အယူရှိရမယ်မဟုတ်လား။

နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)Where stories live. Discover now