-အပိုင်း(၃)-

4K 284 4
                                    

Uni+Zawgyi

ဦးမြတ်ခေတ်ရာဇဝင်မျိုးတစ်ယောက်သူ့အရှေ့မှာကုပ်ကုပ်လေးထိုင်နေသည့်အနှီပေါက်စနကိုကြည့်ရင်းရယ်ရခက်၊ ငိုရခက်။သူမေးသမျှကိုခေါင်းငြိမ့်ခေါင်းခါသာအမှုပြုပြီးအသံထွက်၍မလာ။

လူကအရပ်ရှည်သလောက် စိတ်မရှည်ဟု လူသိများတဲ့မြို့အုပ်မင်းမှာ ဒေါသရိပ်ကလေးအစချီလာလေသည်။

" ဒီမယ်..ပေါက်စန!"

သူခေါ်လိုက်တော့မျက်တောင်နုနုတွေခြံရံထားသည့်အောက်ကရွှန်းလဲ့နေသည့်မျက်လုံးဝိုင်းကြီးဖြင့်ဝင့်ကြည့်လာလေသည်။
ထိုအကြည့်နဲ့ခနတာဆုံလိုက်စဉ် ဘိလပ်က မျက်နှာဖြူအမျိုးသမီးတွေ ခေါ်ဝေါ်လေ့ရှ်ိကြတဲ့ အေးစက်တဲ့နှလုံးသားပိုင်ရှင်၏ နှလုံးသားရပ်ဝန်း၌ ငလျှင်အသေးစားလေး တိုက်ခတ်သွားလေ၏။

တဆိတ်လောက်ယောက်ျားပျိုတစ်ယောက်
က‌ဒီလောက်ထိလှဖို့လိုလေသလား။

" အဟမ်း! ကျုပ်ကို ဒီကနေ့ စကားပြောဖို့အစီအစဉ်ရောရှိရဲ့သလား.."

" ဟို...ဘာပြောရမှန်းမသိလို့.."

လက်ဖဝါးနှစ်ခုကိုမီးတောက်တဲ့ထိပွတ်မိရင်းဆိုမိသည်။ အပြင်ပိုင်းမှာကန်‌ေရပြင်အလားငြိမ်သက်နေပေမယ့်စိတ်ထဲမှာ မုန်တိုင်းတိုက်နေတာ ဘယ်သူမှမသိလေရော့။

အရပ်ကတို့တို့ရေ နေ့လယ်က ဦးလေးကြီးလို့
ခေါ်မိလိုက်တဲ့သူက သူ ဘူလီခဲ့မိတဲ့မြို့အုပ်မင်းတဲ့လေ!!

ဘာပြောခဲ့တာ ! ဗိုက်ပူပူ၊ ရုပ်စိုးစိုး ! အမယ်လေး ငါ့ကိုသာသတ်လိုက်ပါတော့ အမေရေ!! ကယ်ပါဦး..။

လွန်လေခဲ့သောမိနစ်ပိုင်းခန့်က..

မနေ့ကသူလှမ်းထားခဲ့သည့်အဝတ်တွေကိုအိမ်နောက်ဖေးမှာရုတ်ရင်း နောက်ဖေး၌ အဝတ်လာလှမ်းသည့်အရီးက ဤသို့ စကားဆိုလာ၏။

" ကလေးရေ..မြိုအုပ်မင်းကိုသွားတွေ့မယ်ဆိုသွားတွေ့လို့ရပြီနော် ..မြို့အုပ်မင်းက အိမ်မကြီးဧည့်ခန်းမ မှာစောင့်နေလေရဲ့.."

" ဟုတ်ကဲ့ အရီး.."
အရီး၏ပြောစကားကိုအဝတ်တွေရုတ်ရင်းပြန်ဖြေမိသည်။

နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)Where stories live. Discover now