အပိုင်း-၂၁ (ဇာတ်သိမ်းပိုင်း)

4K 214 27
                                    

Uni+Zawgyi

၁နှစ်ကြာပြီးနောက်..။

အလုပ်လျှောက်လွှာတစ်ခုကိုကိုင်ပြီး အထပ်မြင့်အဆောက်အဦးရှေ့မှာနှောင်းရိပ်မက်တပ်ရပ်နေသည်။ ဆယ့်နှစ်ရာသီမရွေးပူနေသည့် မြန်မာနိုင်ငံရဲ့ရာသီဥတုအခြေအနေကြောင့် နှောင်းရိပ်ရဲ့နားထင်မှာ ချွေးစလေးတွေတွဲလဲခိုနေသည်။

ဤအဆောက်အဦးတံခါးကို ဝင်လိုက်တာနှင့်သူဟာ အလုပ်သမားတစ်ယောက်ဖြစ်သွားပြီ။ အရင်လိုလွတ်လပ်တဲ့လူငယ်တစ်ယောက်လဲမဟုတ်တော့ဘူး။ အသက်အရွယ်က ငယ်တော့တဲ့အရွယ်မဟုတ်ပေမဲ့ လုပ်ငန်းခွင်ဆိုတဲ့နေရာကြီးကိုအခုမှခြေချဖူးခြင်းသာ။

ဒေါ်ခင်မေက အလုပ်လုပ်ဖို့ခွင့်မပြုပေမဲ့ သူကိုယ်တိုင်က လုပ်မယ်လို့ပြောခဲ့ချင်းသာ။အချိန်တိုင်းလိုလို မိဘအားကိုးနေလို့မှမရတာ။ကိုယ့်ကို ကိုယ်အားပေးရင်း အထပ်မြင့်အဆောက်အဦးတည်းကိုခြေချလိုက်သည်။

ဧည့်ကြိုမှာ ထိုင်နေသည့်အမျိုးသမီးက နှောင်းရိပ်ဝင်လာသည်ကိုမြင်သွားတော့ပြုံးပြလာသည်။

" အသစ်ဝင်လာတဲ့ PA ( personal Assistant) ထင်တယ်။ "

" ဟုတ်တယ် ညီမ.။ "

ညီမလို့ခေါ်လိုက်တော့ ဧည့်ကြိုဌာန ကကောင်မလေးကအင်တင်တင်ဖြစ်သွားပြီးရယ်ရယ်မောမောဖြင့်စကားဆိုသည်။

" အမအသက်က ၂၄ ထဲမှာ ဒီဘက်က မောင်လေးက ၂၀ ကျော်ယုံလေး ကလေးရုပ်လေးက "

နှောင်းရိပ်ဖိုင်ကိုချိုင်းကြားညှပ်ရင်း လက်နှစ်ဖက်ကိုအသာယှက်ရင်း

" ကိုယ့်အသက်က ၂၆ပါ "

ဧည့်ကြိုကောင်မလေးက အံ့ဩသွားဟန်ဖြင့် ပါးစပ်ကလေးပွင့်ပြီးတောင့်တောင့်ကြီးရပ်သွားသည်။ နှောင်းရိပ်ကိုအထက်အောက်စုံဆန်ကြည့်ပြီးမျက်လုံးပြူးမျက်ဆန်ပြူးဖြင့်ပြာသလဲလဲစကားဆိုသည်။

" တဂယ်ကြီး ၂၆နှစ်! နုလိုက်တာ "

သူမမျက်နှာသူမပြန်ကိုင်ရင်း..

" ညီမတို့လို ၂၄နှစ်တောင် အကို့လောက်မနုဘူး။ အသားအရေလေးကလဲ လှလိုက်တာ ။ ရည်းစားရှိလား မရှိရင် ညီမနဲ့တွဲရအောင်လေ "

You've reached the end of published parts.

⏰ Last updated: Aug 03, 2023 ⏰

Add this story to your Library to get notified about new parts!

နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)Where stories live. Discover now