-အပိုင်း(၄)-

3.7K 273 4
                                    

Uni+Zawgyi

ယနေ့သည်စနေနေ့ဖြစ်သောကြောင့်မူ အလွန်တရာမှ အလုပ်များလှသော မြို့အုပ်မင်းသည် အိမ်တွင်ရှိနေလေသည်။ ထိုကြောင့်နှောင်းရိပ် မနက်ကတည်းက ထိုအိမ်မကြီးဘက်သို့ခြေဦးတောင်မလှည့်ပေ။ မှိုချိုးမျှစ်ချိုး ပြောထားတဲ့သူကို ထပ်တွေ့ဖို့အားပင်မရှိ။
မြို့အုပ်မင်းက ဘာမှတော့မပြောပေမယ့် သူကတော့ရှက်သည်လေ။ ဘယ်လိုလို့မျက်နှာပြောင်တိုက်နိုင်မှာလဲ..။

အဖီထဲမှာ စားသည် ၊အိပ်သည်။ ဘယ်လောက်တောင်အေးချမ်းလိုက်သလဲ။ အိမ်ကိုလွမ်းပေမယ့် အခုထိ ဘာမှလုပ်လို့မရပုံဆို ပြန်လို့ရမယ်မထင်။ ဒါဟာ ကံလို့ပဲသတ်မှတ်လိုက်ပြီး ရောက်ရာအရပ်မှာပျော်ပျော်ပဲနေဖို့ဆုံးဖြတ်ထားသည်။

ခြံစောင့်ဦးလေးကြီး ဖတ်တဲ့ သူရိယ သတင်းစာကို ပျင်းပျင်းနဲ့ဆွဲယူပြီးဖတ်လိုက်သည်။ စာမျက်နှာခေါင်းစီးမှာ တွေ့လိုက်ရတာ က မြို့အုပ်မင်းဦးလေးကြီး၏ သတင်းပင်။ ရေးထားတာက ဘာတဲ့ဘာတဲ့..

' ဓားပြများအား ဖမ်းစီးရာ၌ မြို့အုပ်မင်းဦးမြတ်ခေတ်ရာဇဝင်မျိုး၏ ဂုဏ်ထူးဆောင်မှုမှာ အံ့မခန်းပင်၊ အသက်ငယ်ငယ် ဥပတိရုပ်ကောင်းကောင်းနှင့် မြို့အုပ်မင်း၏ သက်ဆိုင်သူ၊ မြို့အုပ်မင်း ကတော်မှာ မမလေး*** ဖြစ်နိုင်မယ်လို့ ထင်ကြေးပေးခံနေရ၏။ '

ထိုသတင်းကိုအသံတိတ်ဖတ်ရင်း နှာတစ်ချက်မှုတ်မိသည်။ ဓားပြဖမ်းစီးတယ်ဆို ၊ဓားပြ ဖမ်းစီတဲ့အကြောင်းပဲရေးလေ ၊အခုက ဘယ်လိုလို့ သက်ဆိုင်သူက ပါလာရတာလဲ!။ တဂယ့် သတင်းစာတိုက်တွေ ၊ နှောင်းခေတ်လဲ ၂၁ရာစုနဲ့ ဘာမှမကွာဘူး။ အတင်းအဖျင်းတွေကြီး၊ အရည်မရ ၊အဖတ်မရတွေ။

နှောင်းရိပ် ထိုသတင်းစာကို ခြံစောင့်ဦးလေးကြီး သစ်ရွက်တွေ မီးရှို့ထားသည့် မီးပုံထဲသို့ထည့်လိုက်သည်။

" အလကား..ဘာတွေရေးလို့ရေးမှန်းမသိတဲ့ သတင်းစာ!"

တစ်ကိုယ်ကြားယုံသာပွစိပွစိရေရွတ်နေသည်။

" ဘာတွေတိုးတိုးနဲ့ပြောနေသလဲ ပေါက်စန"

" ဘာမှမပြောပါဘူး..အယ်.."
နောက်လှည့်ကြည့်လိုက်တော့ ဦးလေးကြီး။
စိတ်မကြည်တာတွေက ဦးလေးကြီးမျက်နှာမြင်လိုက်တော့ပိုဆိုးသွားသယောင်။
နှုတ်ခမ်းကိုက်ပြီး ခေါင်းကိုသာငုံလိုက်ထားသည်။ ထိုဦးလေးကြီးနဲ့ယခုချိန်မှာစကားမပြောချင်။

နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)Wo Geschichten leben. Entdecke jetzt