အပိုင်း(၁၃)uni

2.2K 165 5
                                    

Uni+Zawgyi

နှစ်ချို့ချယ်ရီပင်ကြီးရဲ့ အောက်မှာ ကြောင်ခြစ်ခွေးခြစ် ခြစ်နေသည့် ကောင်လေးတစ်ယောက်ရှိနေလေသည်။ မြေကြီးအပေါ်မှာ ခြစ်ရင်း ပါးစပ်ကနေလဲ ပွစိပွစိရွတ်နေသေးသည်။

" အရူးကြီး! အခုချိန်ထိ ထွက်မလာသေးဘူး! မသိရင် သတို့သားက သူကြနေတာပဲ !
လုပ်လုပ် အဲ့မှာ ပြီးတော့မှာ ပေါက်စန ရေ ဆိုတာနဲ့ စိတ်ကောက်ပစ်ဦးမှာ ဂါးးး နှောင်းရိပ်စက်သူပါ အချဉ်မှတ်နေလား ! အချိုကွ ! အချို! "

" ဘာတွေပြောနေတာလဲ ကောင်ကလေး "

နောက်ပါးက အသံကြားရ‌‌ေသာ်လည်းလေသံဝဲဝဲကြောင့် ဦးလေးကြီးမဟုတ်မှန်းသိရတော့ စိတ်ပျက်လက်ပျက်ဖြစ်သွားရ၏။

" ဘာပြောပြောပေါ့ ခင်ဗျားကြီးနဲ့ဆိုင်သလား ! "

မျက်နှာချင်းဆိုင်လှည့် ပြောလိုက်တော့ ရိပ်ရိပ်၏အရပ်က ထိုလူ၏ရင်ဘတ်နဲ့သာတန်းနေ၏။ ဒါပေမဲ့လဲ နှောင်းရိပ်စက်သူပါ ခေါင်းကို မော့လိုက်ပြီး ရန်ဆောင်စကားဆိုလိုက်၏။

" ခင်ဗျားကြီး! ကိူယ့်လမ်းကိုယ်သွားပါ "

" ကျုပ်သွား မဲ့လမ်းမှာ ခင်ဗျားလေးမှာရှိနေတာဆိုရင်ရော "

ပြီတီတီမျက်နှာပေးနှင့်ပြောလာသော အသားဖြူဖြူ ရုပ်ချောချော နဲ့အကိုကြီးကိုနှောင်းရိပ်ရိုက်ပစ်ချင်လာသည်။

" ကျွန်တော့်ကို ကျော်ပြီးသွားရင် ရတယ်မဟုတ်ဘူးလား! "

" မသွားချင်လို့ပေါ့..သွားချင်ရင် ကျုပ် ဒီနေရာမှာတောင်ရှိနေမှာမဟုတ်ဘူး "

" ဟွန်း !"

နှာမှုတ်သံလေးပြုလိုက်တော့ထိုလူက ရီသည်။

" ဒါနဲ့ ကောင်ကလေးကို ကျုပ်မတွေ့ဖူးပါဘူး သတို့သားဘက်က မိတ်ဆွေလား "

ပါးစပ်ကမဖြေပဲ ခေါင်းသာညိတ်ပြလိုက်သည်။ ဒါပေမဲ့တဖက်လူက ဇွဲမလျော့ပဲ စကားဆက်ပြောလာပြန်သည်။

" ဒါပေမဲ့ ကျုပ် ပွဲစကတည်းက ရှိနေတာပါ ကောင်ကလေးကိုမတွေ့ဘူးရော "

" မနေချင်လို့ပါ လူရှုပ်တာမကြိုက်လို့ ရှင်းပြီလား ဘာသိချင်သေးလဲ ထပ်ပြီး "

နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)Where stories live. Discover now