-အပိုင်း(၁၁)-

2.5K 172 4
                                    

Uni+Zawgyi

ဆောင်းဦးရာသီ မနက်ခင်းစောစောဟာ သိပ်ကိုချမ်းအေးလွန်းလှ၏။ အထူးသဖြင့် ခေါင်မိုးမပါသည့် ဟင်းသီးဟင်းရွက်ကားနောက်ခန်းက လူနှစ်ယောက်အတွက်တော့အရိုးအသားထဲထိ စိမ့်အောင်အေးလှ၏။
ကားနောက်ကျောကိုမှီပြီးဘေးနားမှာမေးရိုက်နေသည့် ကောင်ငယ်လေးကို မြို့အုပ်မင်းတစ်ယောက် စိတ်ပူလာရ၏။ ကိုယ်ကလူကြီးမလို့ အအေးဒဏ်ကိုခံနိုင်တာတစ်ကြောင်း၊ ပင်ကိုယ်ကလဲ အအေးဒဏ်ခံနိုင်တာတစ်ကြောင်း ကိုယ့်အတွက်ကစိတ်ပူစရာမရှိ။

ဘေးနားမှာ သိုးမွေးထည်ကြီးကိုလူမြုပ်အောင်ဝတ်ထားသော်ငြားလည်း မေးခိုက်နေတဲ့လူသားလေးအတွက်ကတော့စိုးရိမ်စရာ။ အရင်တစ်ခေါက်ဖျားပြီးနောက်ပိုင်း ဒီကလေးဟာ သိပ်ကိုချူချာလာသည်။ ခေါင်းကိုက်တယ်လို့လဲခနခန ညဉ်းနေတတ်သည်ကိုသတိထားမိ၏။ ခရီးမလိုက်ပဲ‌ နေခဲ့ပါလားလို့ ပြောလိုက်တော့ စိတ်ကောက်သွားပြီး စကားတစ်ပတ်လောက်မပြောပဲနေ၏။

နောက်ဆုံးတော့လဲ မနေနိုင်တဲ့မြို့အုပ်မင်းကြီးကပဲ သွားချော့ခါမှ ထိုအခါမှ စကားပြန်ပြော၏။ ဒါတောင် ခရီးလိုက်ရမယ်လိုပြောခါမှအရင်လိုပြုံးပြုံးရွှင်ရွှင်ရှိလာတော့သည်။ အခုလဲ လာနေရင်း တောင်အတတ်မှာကားစက်ပျက်သွားသည်ကြောင့် တွေ့ရမဲ့သူစီ သူတစ်‌ေယာက်တည်းကြုံရာကားနဲ့လိုက်သွားပြီး အကျိုးအကြောင်းပြောပြီး ဟိုကနေကားစီစဉ်ခိုင်းလိုက်မည်ဟု  ပြောတာကို လက်မခံဘဲ အတင်းတွယ်ကပ်လိုက်လာ၏။

ကြုံရာကားဆိုတော့ မြေပြန့်ဒေသတွေကို သူတို့ရဲ့ထွက်ကုန်တွေကိုသွားရောင်းချပြီး မြေပြန့်က ထွက်ကုန်တွေကိုပြန်သယ်လာတဲ့ကားမလို့ ပစ္စည်းတွေက အပြည့်တော့ဖြစ်မနေ။ ကုန်သည်ကားဆိုတာ သိတဲ့အတိုင်း အမိုးအကာပါသည့်ကားကရှားသည်။ ဒီလိုတွေကြုံရမယ်ဆိုတာသိလို့ နေခဲ့ပါလို့ပြောတာကို အခုတော့..ဟူး တယ်ခက်တယ်။

ခိုက်ခိုက်တုန်နေတဲ့ကလေးကို လည်ပင်းမှာပတ်ထားသည့်မာဖလာကိုချွတ်ပြီး ခြုံပေးလိုက်တော့.. မျက်လုံးအဝိုင်းနဲ့ပြန်ကြည့်လာပြီး....

" ဦးလေး..ဦးလေးကြီး လဲချမ်း..ချမ်းနေမှာပေါ့ "
စကားပြောဖို့တောင် မနည်းအားယူပြီးပြောနေရတဲ့သူက ကိုယ့်အတွက်ကိုယ်စိတ်မပူပါပဲနဲ့ အကောင်းအတိုင်းရှိနေတဲ့သူကို လာစိတ်ပူနေသည်။

နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)Donde viven las historias. Descúbrelo ahora