အပိုင်း-၁၈🔺 ‌ warning 🔺

2.8K 150 7
                                    

Uni+Zawgyi

ဖိုးစိန် ရုံးဆင်းတော့တရုတ်တန်းမှာ မမစားချင်တဲ့ခေါက်ဆွဲကြော်ဝင်ဝယ်ရင်း သီပေါကနေမပြန်ခင်တစ်ရက်အလိုက သီပေါဈေးမှာစော်ဘွားငယ်ခေါ်သွားပေးခဲ့တဲ့ခေါက်ဆွဲကြော်ဆိုင်ကိုပြန်လည်အမှတ်ရလာမိသည်။

သီပေါဈေးအကျော်ညောင်ပင်နားမှဖွင့်ထားတဲ့ ဝမ်တိန်ခေါက်ဆွဲကြော်ဆိုင်လေးရဲ့အရသာက ဘဝသက်တမ်းတစ်လျှောက်လုံးစားဖူးသမျှထဲမှာစားအကောင်းဆုံးလို့ပြောစမှတ်ပြုလို့ရသည်။ဆိုင်လေးကသေးသေးလေးပေမဲ့ဒုဌဝတီမြစ်ဘေးနားမှာဖြစ်သည့်အတွက် မြစ်အလှအပကိုပါခံစားလို့ရသည်။

မနက်စောစောဖြစ်သည့်အတွက်မြူများကလဲ မစဲသေး ။

" ကြီးကြီး.."
ဖိုးစိန်ခေါ်လိုက်တော့ဆိုင်ပိုင်ရှင်ဟန်တူသည့်အမျိုးသမီးကပြေးလာသည်။ဆိုင်လေးက သေးငယ်ပေမဲ့စားသုံးသူကအပြည့်ပင်။ဒါဟာဒီဆိုင် ဘယ်လောက်စားကောင်းကြောင်းအသိသက်သေပင်။

" ဘာတွေရလဲဗျ။ "

" ခေါက်ဆွဲကြော်သီးသန့်ရောင်းတာမို့လို့ ခေါက်ဆွဲကြော်တစ်မျိုးတည်းရပါတယ် လူကလေး။"

ဗမာသံဝဲတဲတဲနှင့်ရှမ်းအမျိုးသမီးကြီး၏အသံက နှစ်လိုဖွယ်။

" အဲ့တာဆိုခေါက်ဆွဲကြော်တစ်ပွဲပေးပါ။ စော်ဘွားငယ်ကရော."

ဘေးမှာထိုင်နေသည့်စော်ဘွားငယ်ကိုလှမ်းမေးလိုက်တော့သူကလဲ ခေါက်ဆွဲကြော်ပဲမှာသည်။ ဆိုင်ရှင်အမျိုးသမီးကြီးက အခုမှစော်ဘွားငယ်ကိုမြင်သွားဟန်တူသည်။

" ကျောက်ဝ်ဖ ။ ဘိလပ်ကပြန်ရောက်ပြီဆိုတာသတင်းသဲ့သဲ့ကြားမိပါရဲ့။ ပါ့ပါ့ကမျှော်နေတာ ကျော်ဝ်ဖက မလာတာတောင်ကြာပြီလို့။"

" မအားလို့ပါ။ "

" ခနလေးစောင့်ပါ ကျောက်ဝ်ဖ ၊ အခုချက်ချင်းလာပို့ပေးပါ့မယ်။ "

" ရပါတယ် အရင်မှာထားတဲ့သူတွေကိုသာအရင်လုပ်ပေးလိုက်ပါ။ "

စော်ဘွားတွေဖြောင့်မတ်မှန်ကန်ကြောင်းကြားဖူးပါရဲ့။အခုလိုမျက်မြင်တွေ့ရတော့ ပိုလို့တောင်ချီးကျူးမိသည်။ ရန်ကုန်မှာဆို ရာထူးကြီးတဲ့သူတွေကသူတို့ကိုဦးစားမပေးရင်သိပ်ကိုဒေါသထွက်ကြတာမဟုတ် လား။

နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)Where stories live. Discover now