-အပိုင်း(၁၀)-

2.5K 188 2
                                    

Uni+Zawgyi

" ဦးလေးကြီး..."

" ဟင်.."
ရုတ်တရက်ထွက်လာသောအသံလေးကြောင့်မြို့အုပ်မင်းခမျာယောင်‌နနဖြင့်ပြန်ထူးမိ၏။

" ကျွန်တော်..ခနက.."
ဆက်မပြောပဲစောင်ကိုဖျစ်ညစ်ထားသည့်ကလေးကြောင့်မြို့အုပ်မင်းမှာပြုံးစစ။ ဒီကလေးဘာကိုဆိုလိုချင်သလဲအတပ်သိပါတယ်။ အစောပိုင်းက မီးဖိုချောင်ထဲမှာဖြစ်ပျက်ခဲ့တဲ့အရာကိုအခုမှပြန်တွေးမိပီးရှက်နေသည်ထင်ပါရဲ့။

နေမကောင်းတဲ့သူကိုမစသင့်ပင်မဲ့လဲ ဒီကလေးကိုစချင်နေသောကြောင့်..

" အင်း..ဆက်ပြောလေ၊ ခုနက ဘာဖြစ်သလဲ..။"

" ဟို..ဟို..ဟာ‌ဗျာ ဆက်မပြောတော့ဘူးသွား! "

" ဟောဗျာ.."

ရှက်သွားသည့်ကောင်ငယ်လေးက စောင်အောက်မှာပုန်းခိုသွားလေရဲ့။ ယုန်လေးတစ်ကောင် အစာရှာထွက်လာတဲ့ဝံပုလွေကိုရှောင်ပုန်းသလိုမျိုး စောင်နဲ့ကိုယ်ငယ်လေးကို လုံအောင်ထုတ်ထားလေရဲ့။ ခြေထောက်လေးအစတောင်ထွက်မနေ။

တယ်..ချစ်စရာ။

နှောင်းရိပ်စောင်အောက်မှာ အရှက်ပိုနေမိ၏။ရှက်ပါတယ်ဆိုမှ အကျင့်မကောင်းတဲ့ဦးလေးကြီးက လိုက်စနေတယ်!! သူကလဲသူပဲ ဘာလို့ ဦးလေးကြီးဖက်ပြီး သမီးရည်းစားတွေလို ချွဲမိသွားတာလဲမသိ!

Romantic movies တွေကြည့်တာများသွားသလားမသိ။ အဲ့ကားတွေထဲမှာဆို မင်းသမီးက မင်းသား ဟင်းချက်နေတာကို နောက်ကနေသွားဖက်တာလေ။ အခုပြန်စဉ်းစားကြည့်မှ သူ လုပ်ခဲ့တာတစ်ပုံစံတည်း! ချီးးပဲ ရှက်လိုက်တာ! ပြီးတော့ဘာ! ဦးလေးကြီး ချီတာကိုခံလိုက်သေးတယ်! ပြီးတော့ ဦးလေးကြီးပခုံးပေါ်မှာလဲ ငိုလိုက်သေးတယ်!!

နှောင်းရိပ်စက်သူ ရေ ဘယ်လောက်ပဲဖြစ်ဖြစ် ဒီလောက်ထိတော့ မလုပ်ခဲ့သင့်ဘူးကွာ! ၂၁ရာစုရဲ့ အဖြောင့် နှောင်းရိပ်စက်သူက ၁၉ရာစုမှာ ကွေးသွားတယ်ဆိုတာ မဖြစ်နိုင်ဘူးလေ!

ဟုတ်တယ် ။ ငါကွေးသွားတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး! ဖျားနေလို့ ..ဟုတ်တယ်ဖျားနေလို့ !!

နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)Where stories live. Discover now