Uni+Zawgyi
ညကတစ်ညလုံးကောင်းကောင်းမအိပ်လိုက်ရ။ အစားမှားပြီး ရင်ပြည့်ရင်ကယ်ဖြစ်သွားတယ်ထင်ပါရဲ့ ညသန်းခေါင်ကြီး ထအန်လို့ အန်ဖတ်ကြုံးလိုက်ရသေး။ အန်ရုံနဲ့ပီးလားဆိုတော့လဲ မပီး တရိပ်ရိပ်တတ်လာသော အပူငွေ့ကြောင့် နဖူးပေါ် ရေစိုဝတ်လေးနဲ့ တင်ပေးထားရပြန်။ တစ်ညလုံး နာရီဝက်ခြားတစ်ခါ အပူချိန်စမ်းပြီး အပူချိန်ကြသွားခါမှသက်ပြင်းချနိုင်တော့တယ်။ မှေးခနဲအိပ်ပျော်မယ်ကြံတော့ ကြက်ဖတွန်သံကြောင့်နိုးလာရပြန်။ အိပ်လို့မရမဲ့တူတူတော့ အိပ်မနေတော့ပဲ ပေါက်စနနိုးလာရင် စားဖို့ ဆန်ပြုတ် ချက်ဖို့ အောက်ဆင်းသွားလိုက်၏။အရီးကိုလဲမနိုးချင်တော့။ သူကိုယ်တိုင်ပဲ မီးဖိုချောင်ထဲမှာ တကုပ်ကုပ် ဆန်ပြုတ်ချက်နေလိုက်သည်။ မြို့အုပ်မင်းကြီးရဲ့ဘဝမှာ အချက်တတ်ဆုံးဟင်းလျာကိုပြပါဆိုလျှင် ဆန်ပြုတ်ပါပဲ။ ဆန်ပြုတ်ချက်နည်းကို သင်ပေးသွားခဲ့တဲ့ နိဗ္ဗာန်က အမေ့ကိုလဲကျေးဇူးတင်လိုက်သည်။
ဆန်ပြုတ်ချက်နေရင်း ညကအကြောင်းတွေးပြီးသက်ပြင်းချလိုက်မိသည်။ တော်သေးတာပေါ့ ထိုကလေးဟာ သူ့အခန်းထဲရောက်မလာ ရင် ဘယ်နှယ့်လုပ်မလဲ။ တစ်ညလုံး အဖျားတတ်ရင်း တအီအီအော်နေမလား။ အိမ်ကိုသတိရလို့ငိုနေမလား။ အတွေးပေါင်းများစွာဟာ အစီစီခေါင်းထဲဝင်လာသည်။
ဆန်ပြုတ်ချက်ရင်းအတွေးနွံထဲနစ်သွားလိုက်တာများ နောက်ကျောဘက်က ခပ်နွေးနွေးအထိအတွေ့ရမှပြန်သတိဝင်လာတော့သည်။ ထိုအထိအတွေ့ဟာ ဘယ်သူ့စီကလဲလို့မေးနေစရာမလိုအောင်အတပ်သိနေတော့လဲ...
" သက်သာလား"
" နည်းနည်း..ခေါင်းကိုက်သေးတယ်"
ပြန်ဖြေလာသံဟာကြောင်ပေါက်ကလေးအနာတရဖြစ်နေတဲ့အသံနဲ့ခပ်ဆင်ဆင်ဖြစ်နေတာကြောင့် သဘောမတွေ့လှ။" ခုံမှာသွားထိုင်နေချည်။ ဆန်ပြုတ်ခနနေကျက်တော့မယ်။ "
" ဟင့်အင်း.."
အငြင်းသံလေးထွက်လာပြီး သူ့ခါးကိုဖက်ထားတာမှာကျစ်ကျစ်ပါလို့။ သူရွေ့တဲ့ဘက်ကိုလိုက်ရွေ့ပြီး ကျစ်ကျစ်ပါအောင်ဖက်ထားတဲ့ခါးကိုနည်းနည်းမှမလွတ်။ လမ်းတစ်ခါလျှောက်တိုင်းခေါင်းမူးခြုံလာတဲ့ေစာင်ကြီးမှာ ကြမ်းပြင်နဲ့ဖုတ်တိုက်။
STAI LEGGENDO
နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)
Storie d'amore၂၁ရာစုက နှောင်းရိပ်စက်သူတစ်ယောက် မထင်မှတ်ပဲ ၁၉၃၀သို့ရောက်သွားသောအခါ..။ Start Date -25.12.2022(17.9.2022) End Date -