Uni+ Zawgyi
ဗုဒ္ဓဘာသာအယူမှာ သေဆုံးပြီးရင် နောက်ဘဝကူးရတယ်တဲ့။ သေဆုံးပြီးရင်..ပြန်လည်မွေးဖွားခြင်းဟူသည့်အရာကိုကျိန်းသေကြုံတွေ့ရစမြဲတဲ့။ ရှင်သန်ခြင်း၊ သေဆုံးခြင်းဟူသည့်အရာတွေက လူတစ်ယောက်အဖြစ်မွေးဖွားရင်ကြုံကိုကြုံတွေ့ရတဲ့ဓမ္မတာတဲ့။
ယခုရှင်သန်ခြင်းနှင့်သေဆုံးခြင်းအလည်ဟူသည့်နေရာကိုနှောင်းရိပ်ရောက်ေနသည်။ ပတ်ဝန်းကျင်တွင် အလင်းရောင်ဟူ၍တစိုးတစိမျှမရှိ။ ပိတ်ပိတ်မှောင်နေတဲ့အမှောင်ထုတွေထဲမှာသူဟာပိတ်မိလျက်။
အချိန်တိုင်းလိုလို ချစ်ရသူ၏ ငိုကြွေးသံ၊ မိဘတွေရဲ့ငိုကြွေးသံကိုကြားနေပေမဲ့သူဟာ ဘာမှမတတ်နိုင်ခဲ့။ ပိတ်ပိတ်မှောင်နေတဲ့အမှောင်ထုကြီးမှာ သူဟာအဆုံးအစမရှိအောင်ပြေးနေခဲ့တယ်။ လမ်းဟူသည့်အရာများတွေ့လိူတွေ့ငြား။
သို့သော်လည်းဤအမှောင်ထုကြီးက ဝင်္ကပါ လို ပြေးလေ လမ်းပျောက်လေ။
မိဘတွေ..၊ပြီးတော့သူ.. ဘယ်လောက်တောင်ငိုနေမလဲ။ မငိုပါနဲ့လို့တောင်းပန်ချင်ရဲ့။အမှောင်ထုထဲမှာ ငိုနေမိသည်။ဤအမှောင်ထုထဲမှာ ဘယ်နှစ်ရက်ကြာအောင်ပိတ်မိနေလဲမသိ။ အမှောင်ထုထဲမှာထိုင်ရင်းရုတ်တရက်ပေါ်လာတဲ့အလင်းရောင်ကြောင့် နှောင်းရိပ်မျက်လုံးတွေကျိန်းစပ်သွားရသည်။ မျက်လုံးကိုဆတ်ခနဲဖုံးအပ်လိုက်ပြီးတည်ငြိမ်သွားတဲ့အချိန်ရောက်မှပြန်ဖွင့်ကာ ထိုအလင်းရောင်ဟာဘာလဲဆိုပြီးစူးစမ်းကြည့်နေသည်။ သူမြင်လိုက်ရတာက ဥပဓိရုပ်ကောင်းကောင်းနှင့်လူကြီးတစ်ယောက်။ သူ့ကိုမြင်သွားတဲ့နှောင်းရိပ်ကိုကြည့်ကာ..
" လူလေးက လူလေးနဲ့မသက်ဆိုင်တဲ့နေရာကိုမျက်စိလည်လမ်းမှားပြီးရောက်လာခဲ့တာ"
ထိုလူကြီးအပြောကိုနှောင်းရိပ်ဘာမှမတုံ့ပြန်နိုင်, ပြီးတော့ဆက်ပြောလာသည်။.
" အိမ်ပြန်ချိန်တန်ပြီ လူလေး..။လူလေးရဲ့တဂယ့်အိမ်ကိုပြန်ကိုရတော့မယ်။ "
အိမ်ပြန်ရတော့မယ်ဆိုတော့အသိက နှောင်းရိပ်ကို သေမတတ်ပျော်သွားစေပေမဲ့ ဦးလေးကြီးကတော့တစ်ယောက်တည်းကျန်နေခဲ့တယ်ဆိုတဲ့အတွေးက သူ့ကိုအကြိမ်ကြိမ်သတ်နေသလို..

YOU ARE READING
နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)
Romance၂၁ရာစုက နှောင်းရိပ်စက်သူတစ်ယောက် မထင်မှတ်ပဲ ၁၉၃၀သို့ရောက်သွားသောအခါ..။ Start Date -25.12.2022(17.9.2022) End Date -