Uni+Zawgyi
နှောင်းရိပ်စက်သူတစ်ယောက် ဟိုသီချင်းစာသားထဲကလို~ဖြစ်သမျှဟာအကောင်းပဲပေါ့~
ဆိုတဲ့ အတိုင်းအဖြစ်အပျက်တွေကိုလက်ခံလိုက်ရတော့သည်။ အရီးပြောတာကတော့သူက ဒီအိမ်ပိုင်ရှင်ရဲ့ကားရှေ့မှာဝင်ရပ်ပြီးမေ့လဲသွားလို့၊ ဒီအိမ်ပိုင်ရှင်ကခေါ်လာတာတဲ့။
အဖြစ်အပျက်တွေကို ကကြီးကနေ အ အထိ သူ့ကိုခေါ်လာပေးတဲ့လူနဲ့မျက်နှာချင်းဆိုင်မေးဖို့လုပ်ထားပေမယ့် ထိုလူက နိုင်ငံခြားသွားသတဲ့တဲ့။အခုခေတ်အခေါ်အဝေါ်နဲ့ဆိုရင်တော့ဘိလပ်ပေါ့။ ဒီနေ့တော့ ဘာမှလုပ်စရာမရှ်ိတဲ့တူတူ အရီးကိုကူညီပေးဖို့ အိမ်မကြီးကိုလာခဲ့လိုက်သည်။ သူတွေးမိသည် ဒီအိမ်ပိုင်ရှင်က အရမ်းကပ်စီးနည်းတာပဲလို့၊ ဘာလို့ဆို ဒီတစ်အိမ်လုံးမှာ အလုပ်သမားဆိုလို့သုံးယောက်ပဲရှ်ိသည်။ အရီးရယ်၊ ယုရယ်၊ ခြံစောင့်ဦးလေးကြီးရယ်။
အိမ်အောက်ထပ်မှာတစ်အိမ်လုံးကိုတိုက်ချွတ်ဆေးကြောနေသည့် အရီးနဲ့ယုကို သူ ဝိုင်းကူပေးနေလိုက်သည်။ မိန်းမသားနှစ်ယောက်တည်း ဒီတစ်အိမ်လုံးကိုဆေးကြောရတာ နာရီနဲ့ချီကြာမည်ပေ။သူဝင်ကူတော့ စောစောပြီးတာပေါ့။
" တယ်! ငါ့ဦးနှောက်ကလဲ.."
အရီး၏ ခပ်ညစ်ညစ်အသံကြောင့် နှောင်းရိပ် ခပ်လာတဲ့ရေဗုံးချပြီးမေးလိုက်၏။" အရီး ဘာဖြစ်လို့တုန်း"
" ကလေးရယ် အရီး အပေါ်ထပ်အခန်းထဲကစားပွဲခုံပေါ်မှာ စားပွဲခင်းတွေကျန်ခဲ့လို့ "
" ဪ..ဘာများလဲလို့အရီးရယ် ..ပြောလေ ကျွန်တော်သွားယူပေးမယ်..နေရာပြောလိုက် "
သူပြောလိုက်တော့အရီးကစိုးရိမ်စိတ်အကြည့်တွေနဲ့ကြည့်ပြီးစကားဆိုလာသည်။
" ဖြစ်ပါ့မလားတော် မြို့အုပ်မင်းက သူ့အခန်းထဲတခြားသူဝင်တာမကြိုက်ဖူးကွဲ့ .."
" ဖြစ်ပါတယ်..အရီးရဲ့သူမှပြန်မရောက်သေးပဲ မြန်မြန်သွားယူပြီးဆင်းလာခဲ့မယ် ..၊ ဘယ်အခန်းလဲပြောလိုက် "
YOU ARE READING
နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)
Romance၂၁ရာစုက နှောင်းရိပ်စက်သူတစ်ယောက် မထင်မှတ်ပဲ ၁၉၃၀သို့ရောက်သွားသောအခါ..။ Start Date -25.12.2022(17.9.2022) End Date -