အပိုင်း(၁၄) uni

2.1K 155 6
                                    

Uni+Zawgyi

ဖိုးစိန်တစ်ယောက် ထိုစော်ဘွားငယ် နောက်သို့လိုက်သွား၏။ သူထင်ခဲ့တာက ပွဲကျင်းပရာခန်းမ ထဲကို ပြန်သွားမည်ဟုထင်ခဲ့ပေမဲ့ တဂယ်တန်းဦးတည်နေတာက စော်ဘွားငယ်ရဲ့ အဆောင်တော်ရှိရာဘက်သို့သာ။ ဘာကြောင့် ပွဲခန်းမကိုပြန်မသွားပဲ အဆောင်တော်ရှိရာသို့သွားသလဲ မေးချင်ပေမဲ့ ပြန်လည်ဖြေဆိုမည့်သူမဟုတ်တာ ကြောင့် မေးရန်အခွင့်မသာခဲ့။

စော်ဘွားငယ်ကို စစတွေ့ချင်းတုန်းက သဘောဆိုးမဲ့သူဟုထင်ခဲ့တာ။ ဒါပေမဲ့ အထင်နဲ့အမြင်ဟာ တက်တက်စင်အောင်လွဲသွားခဲ့ရသေးသည်။ သူ ဤ ဟော်နန်းမှာ နေထိုင်ကတည်းက သူ၏ နေရာအခန်းကစလို့ အရာအားလုံးကို စော်ဘွားငယ်သာ ဦးစီးလုပ်ဆောင်ပေးသွားခဲ့သည်။
ဟော်နန်းရှိလူတွေအကုန်လုံး ပွဲကြောင့်အလုပ်ရှုပ်နေချိန်မှာလဲ စော်ဘွားငယ်တစ်ဦးတည်းကသာ သူ့ကိုအဖော်လုပ်ပေးခဲ့သည်။

ယခုပွဲလဲပြီးပြီ မကြာခင်ပြန်ရတော့မည်ဖြစ်တာကြောင့် စိတ်ထဲမှာ ဝမ်းနည်းလာရသည်။ ဘယ်အချိန်မှ ဤ လူသားနဲ့ပြန်တွေ့နိုင်မလဲ။ ဘယ်တော့မှပြန်မတွေ့နိုင်ဖူးလို့ဖြေရင် သူသေချာပေါက်ဝမ်းနည်းရတော့မှာ။ အချိန်တွေအကြာကြီးပေါ့။

စိတ်ထဲမှာဝမ်းနည်းလာတာနဲ့မျက်ရည်တွေကြလာသည့်သူ့အတွက်ဟန်ဆောင်ပြီး ပျော်ရွှင်‌ေနဟန်ဆောင်ဖို့သာ အတော်ခဲယဉ်းသည်။ အရှေ့ကိုသာရှေ့ရှု၍ သွားနေသောသူ နောက်မလှည့်လာခင် မျက်ရည်တွေခိုးသုတ်ဖို့ပြင်လိုက်ပေမဲ့ ထိုလူဟာ နောက်ကိုလှည့်ကြည့်လာခဲ့သည်။
ကျွန်တော့်ပါးပြင်ပေါ်မှာစီးကျနေသည့်မျက်ရည်တွေကိုမြင်တော့ အမြဲတမ်းတည်ငြိမ်နေတက်သည့်မျက်နှာဟာ ပျက်ယွင်းသွားရတော့သည်။

ချက်ချင်းဆိုသလိုကျွန်တော့်အနားသို့ရောက်လာပြီး သူ၏ အေးစက်စက်လက်ဖဝါးဖြင့် ကျွန်တော်၏ လက်ဖဝါးကိုဆုပ်ကိုင်ပြီး တစ်နေရာသို့ဦးတည်လျှောက်သွားတော့သည်။ ကျွန်တော်၏ လက်ဖဝါးက ခင်သက်လျာနဲ့ယှဉ်လျင် အတော်အသင့်ကျယ်ပေမဲ့ ဤ စော်ဘွားငယ်ရဲ့လက်ထဲမှာတော့ ကျွန်တော့်၏ လက်ဖဝါးက တော်တော်ကြီးသေးငယ်သွားရတော့သည်။

နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)Donde viven las historias. Descúbrelo ahora