အပိုင်း-၁၆

2K 145 2
                                    

Uni+Zawgyi

သီပေါကပြန်ရောက်သည်နှင့် အပြောင်းလဲကြီးပြောင်းလဲသွားသည့်အရာကတော့ ဦးလေးကြီးပင်။ နှောင်းရိပ်ကိုမျက်စိအောက်ကအပျောက်မခံ။ ကလေးတစ်ယောက်လိုထား၏။  နှောင်းရိပ် ကိုယ့်ကိုကိုယ်ရင်ခွင်ပိုက်ကလေးအရွယ်လို့ထင်မိတော့မယ်။ အိမ်မှာတင် မျက်စိအောက်က အပျောက်မခံနိုင်ရုံမကလို့ ရုံးသွားရင်တောင် ခေါ်သွားမယ်တကဲကဲလုပ်နေလို့ နှောင်းရိပ်မှာတားထားရသည်။

အခုလဲ ရုံးသွားမည်ကို မသွားသေးပဲ နှောင်းရိပ်ဘေးမှာတောက်တဲ့လိုကပ်နေသည်။

" ဦးလေးကြီး ရုံးသွားတော့လေ တော်ကြာလမ်းမှာကားပိတ်နေရင် ဘယ်နှယ့်လုပ်မတုန်း"

" အဲ့တာဆိုရင် ဒီကနေ့တော့ ရုံးမှာခွင့်လှမ်းယူလိုက်မယ်လေ ဘယ်နှယ့်ခက်လို့"

" မရဘူးလေ..တော်ကြာရုံးပျက်လို့အလုပ်ဖြုတ်လိုက်ရင် ဘယ်နှယ့်လုပ်မတုန်း ဦးလေးကြီးရဲ့"

" အဲ့တာဆိုလဲ ဘယ်နှယ့်ခက်လို့ထွက်လိုက်ရုံပေါ့ ကျုပ်ရှာထားတာတဲ့ငွေကြေးတွေနဲ့တင် ပေါက်စနတစ်ယောက်ကိုတော့လုံလုံလောက်လောက်တင်ကြွေးထားနိုင်ပါသေးတယ် အချစ်ရဲ့"

နှောင်းရိပ်ခေါင်းကိုတဗြင်းဗြင်း‌ကုတ်နေမိသည်။

" ဦးလေးကြီးကလဲ ကျွန်တော်ပြောတာအဲ့လိုသဘောမျိုးမှမဟုတ်တာ၊ တော်ကြာစိန်စိန်က ရုံးမှာအတင်းတုပ်နေမှာပေါ့မြို့အုပ်မင်းတစ်ယောက် ရည်းစားရမှ အလုပ်တွေပျက်နေတယ်ဆိုပြီး."

ဟုတ်သော်ရှိမဟုတ်သော်ရှိ စိန်စိန်ကိုအပြစ်လွဲချလိုက်သည်။ ဒီလိုမှမဟုတ်ရင် ဒီလူကြီးကိုဘယ်လိုနှင်ထုတ်ရပါမလိမ့်။

" ကောင်းပါပြီဗျာ ဒါပေမဲ့တစ်ခုရှိတယ် "

" ဘာများလဲဗျ."

" ကျုပ်ကိုနမ်း."

" နဖူးကိုလားဗျ.."

" မဟုတ်ပေါင်..နှုတ်ခမ်းကို"

နှောင်းရိပ်မျက်နှာသေးသေးလေးဟာငရုတ်သီးတောင့်လိုချင်းချင်းနီသွားရသည်။ ဒီလူကြီးအတော်ကဲ ရည်းစားဖြစ်တာမှ တစ်လပင်မပြည့်သေး အဆင့်ကကျော်ခြင်နေပြီ။

နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)Where stories live. Discover now