အပိုင်း(၁၂)

2.2K 159 3
                                    

Uni+Zawgyi

ဟော်နန်း၏ ဧည့်သည်ဆောင်အတွင်း၌ ကောင်လေးတစ်ယောက်နှင့်အသက်လတ်ပိုင်း အိပ်ပျော်နေကြ၏။ အမှန်တိုင်းပြောရလျှင်တော့ တစ်ယောက်သာအိပ်ပျော်နေ၏။ သက်လတ်ပိုင်းလူကြီးသည် ကုတင်ပေါ်မှာအိပ်ပျော်နေသည့် စောင်ပုံထဲမြုပ်နေသည့် ကောင်ကလေးကို မြတ်နိုးသည့်အကြည့်များဖြင့်ကြည့်နေ၏။

မြို့အုပ်မင်း ကုတင်ပေါ်မှာအိပ်ပျော်နေသည့်ကောင်ကလေး၏ စောင်လွတ်နေသော လက်ဖျားတွေကို နွေးထွေးသွားအောင်သူ၏ လက်ဖဝါးနှစ်ဖက်ကိုအချင်းချင်းပွတ်တိုက်ပြီး ထိုအေးစက်စက်လက်ဖဝါးကိုအနွေးဓာတ်ပေးနေ၏။ နွေးထွေးသွား၍လား မသိ ပေါက်စနမှာ လူးလူးလွန့်လွန့်ဖြစ်မလာတော့။ ရန်ကုန်မှာ ပေါက်စန၏ အသားအရေက ပန်းရောင်သန်းသန်းဖြစ်ပေမဲ့ ရှမ်းပြည်ရောက်လာတော့ပို၍ပင် ပန်းဆီရောင်သန်းသွားတော့သည်။ နှုတ်ခမ်းဖူးဖူးလေးက ရှမ်းပြည်ရာသီဥတုနှင့်တည့်သည်လားမသိ ရွှန်းလဲ့ပြီး ဆွဲနမ်းပစ်ချင်စရာလေးဖြစ်နေ၏။ အမှောင်ထဲ၌ တောင်ထို ပန်းဆီရောင်နှုတ်ခမ်းဖူးလေးက ထင်းထွက်နေ၏။

လက်ကလေးကို အနွေးဓာတ်လုံလုံလောက်လောက်ပေးပြီး၍ မျက်နှာပေါ်မှာဝဲကျနေသည့် ဆံနွယ်တွေကိုလက်ဖြင့်အသာအယာ ဖယ်ပေးနေမိသည်။ ဆံပင်တွေရှင်းသွားတော့ မျက်နှာလေးကို ရှင်းလင်းစွာမြင်ရတော့၏။ ပထမဆုံးအနီးကပ်မြင်လိုက်ရတဲ့မျက်နှာလေးကြောင့် ရင်ခုန်သံတွေဟာတဒုန်းဒုန်းမြည်ဟီးလာ၏။ ပေါက်ထွက်တော့မယောင် ဖြစ်နေ၏။

အခုန်မြန်နေတဲ့နှလုံးကိုအသာဖိရင်း..

" ခက်တော့တာပါပဲ ပေါက်စနရာ..၊ ကျုပ်ဖြင့်...ကျုပ်ဖြင့်..ကြာရင်..ပေါက်စနကြောင့် ရူးတော့မယ်ထင်ပါရဲ့။ "

အိပ်နေတဲ့‌က‌ေလးငယ်က ဤစကားကိုမကြားနိုင်မှန်းသိပေမဲ့လည်း ထိုစကားကိုရေရွတ်နေမိတာအကြိမ်ကြိမ်။

ကလေးရဲ့မျက်နှာကိုအနီးကပ်ကြည့်နေရင်းကလေးငယ်ရဲ့ မျက်တောင်မွှေးလေးတွေ ဘယ်နှစ်ပင်ရှိတယ်ကအစ အသေးစိတ်သိခဲ့၏။

ဟော်နန်းဟုအမည်တွင်သောရှမ်းရိုးရာအိမ်ကြီးရှိ လူတွေအကုန်လုံးဟာ အလုပ်ရှုပ်နေကြ၏။ အကြောင်းသည်ကား ဟောနန်း၏ အရှင်သခင်တစ်ဦးဖြစ်သည့် စဝ်ကြာဆိုင်းချယ် ၏ထိမ်းမြားလက်ထပ်ပွဲနေ့ဖြစ်နေသည်ကြောင့်ပင်။

နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)Where stories live. Discover now