-အပိုင်း(၇)-

3K 240 3
                                    

Uni+Zawgyi

~မြတ်လေးငုံသီချင်းလေးနဲ့နားသောတဆင်ကြပါရန်~

                         ~~~~~~~~~

မြို့အုပ်မင်းနဲ့စားပွဲတစ်ခုတည်းမှာစားပြီး မြို့အုပ်မင်း အစာကြေမကြေတော့မသိ။ သူကတော့ အစားလွန်ပြီး စပိုးပါနင့်တယ်။ သူ့ဟာသူ အရီးတို့နဲ့စားမယ်လို့ပြောတာကို သူနဲ့အတင်းစားခိုင်းတာကို။ နှောင်းက နဂိုတည်းက အိမ်မှာဆိုရင်လဲ ဇလုံကြီးနဲ့စားတာ၊ အရီးတို့နဲ့လဲ ဇလုံနဲ့ပဲစားတာ။ မြို့အုပ်မင်း ဦးဇီဇာကြောင်နဲ့တွေ့မှ ပန်းကန်ပြားနဲ့ အိနြေရှင်လုပ်ပြီးစား စရာလား။ အဝတော့ကြိတ်ခဲ့တာပေါ့။

" ရော့..ရော့ မြင်ရတာ မသက်သာဘူး။ ထန်းလျက်ငုံထား၊ အစာကြေတယ်ပေါက်စန။ "
ကမ်းလာသော ထန်းလျက်ကို ပါးစပ်ထားကောက်ထည့်ပြီး ကျွန်းခုံကြီးပေါ်မှာ ခပ်လျောလျော ထိုင်နေလိုက်သည်။

" ပေါက်စန! ခါးမတ်မတ်ထိုင်စမ်း။ အစာမကြေဖြစ်ကုန်တော့မှာပဲ!"
ဟောက်လိုက်သော်လည်း လက်သာခါပြပြီး ပုံစံကမချိန်း။
ထမင်းစားတုန်းကလဲ သူ့မှာ ထိုကလေး တဝတဝပြဲစားနေတဲ့ပုံကိုကြည့်ပြီး အလိုလိုနေရင်း ဗိုက်တောင်ပြည့်သွားသလို။

" ပေါက်စန....ဓာတ်ပြားနားထောင်မလား။"

အတတ်အကျမရှိသောပြောလာသောစကားသံကြောင့် နှောင်းရိပ်ကြောင်ပျင်းလေးတွေခွေခေါက်နေရာမှ ခေါင်းထောင်ကြည့်လိုက်သည်။

" ဓာတ်ပြား...."
သံယောင်လိုက်ကာမေးမိတော့..

" အင်းဟုတ်တယ်လေ..ပေါက်စနတော့ မြင်ဘူးလားမသိပေမယ့် ကျုပ်ရဲ့ အကြိုက်ဆုံးဓာတ်ပြားအဆိုတော်က မမေရှင်ပဲကွ။ "
မေရှင်ဆိုတော့ သူ အလန့်တကြားဖြစ်သွားရသည်။ အဆိုတော်မေရှင်ရဲ့ ကျော်ကြားမှုက ခေတ်လူငယ်တွေကြားမှာတောင် ကျော်ကြားမှုက ခုချိန်ထိတောင် အရောင်မမှိန်သေး။ သူကိုယ်တိုင်လဲ မေရှင်ဖန်ပေမို့ လောလောလတ်လတ်နားထောင်ရမဲ့ အခွင့်အရေးကို လက်လွတ်မခံချင်။

" မေရှင် ကျွန်တော်သိတယ်။ သူ့သီချင်းတွေက တဂယ်နားထောင်လို့ကောင်းတာ။ "

" ဟုတ်တယ်ဗျာ..မမေရှင်က ဝဏ္ဏကျော်ထင်ဘွဲ့ရထားတဲ့ အမျိုးသမီးတစ်ဦး တဂယ့်ကို ချီးကျူးထိုက်တယ်။ အဆိုလဲကောင်း။ သရုပ်ဆောင်လဲကောင်း။ တဂယ်တော်တဲ့အမျိုးသမီး။ "

နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ