-အပိုင်း(၅)-

3.2K 253 0
                                    

Uni+Zawgyi

" ကျေးဇူးတင်ပါတယ်တဲ့.."
ကိုယ့်ဘဝထဲကိုဝင်လာပေးလို့ကျေးဇူးတင်ပါတယ်။

နှောင်းရိပ် သူ့မျက်လုံးကို သေချာစိုက်ကြည့်ပြီးပြောလာသည့်‌ဦးလေးကြီးကြောင့် ပြန်ပြောရမယ့်စကားတွေက အာစေးမိနေသလို၊ လည်ချောင်းအပြင်ဘက်ကိုထွက်မလာ။

" အဟမ်း! "
ဦးမြတ်ခေတ်ရာဇဝင်မျိုးချောင်းတစ်ချက်ဟန့်လိုက်ပြီး သူ့ဘက်စပြီးအရင်အကြည့်လွှဲလိုက်သည်။

နှောင်းရိပ်ထိုအခါမှ သက်ပြင်းခိုးချမိသည်။ ဦးလေးကြီးက ရိုးရိုးသားသားနဲ့ ပန်းရဲ့ အဆိုကို ရှင်းပြတာလေ! သူကဘာတွေများ တလွဲဆံပင်ကောင်းတွေးနေရတာပါလိမ့်။ ရိုးရိုးသားသားပြောနေတာကို ၊ တခြားအရာတွေကိုပါဆက်တွေးနေမိတဲ့ သူ့ကိုယ်သူရှက်လိုက်တာ။

" ပေါက်စန..ကျုပ်တို့ရောက်ပြီ။ "

" ဟင်...ရောက်ပြီလား။ "
ဦးလေးကြီးအသံကြားမှဘေးပတ်ဝန်းကျင်ကိုသတိထားမိတော့၊ ခမ်းခမ်းနားနားပြင်ဆင်ထားသည့် ဆိုင်ရှေ့ကိုရောက်နေ၏။

ဆိုင်အပြင်အဆင်ကသားနားလွန်းလို့ နှစ်ဆယ့်တစ်ရာစုက  ဆိုင်ခန်းတွေနဲ့တောင်ယှဉ်လို့ရသည်။ ဒီအပြင်လောက်ဆို ပေးရမယ့်ဈေးက လဲမနည်းလောက်။

" ဟိတ်! ဘာတွေတွေးနေသေးတာလဲ။ ကျုပ်တို့ဆိုင်ရှေ့မှာပဲရပ်နေတော့မှာလား..။ "

" မဟုတ်သေးဘူး..ဦးလေးကြီး ဒီဆိုင်က အရမ်းဈေးကြီးမဲ့ပုံပဲ။ ကျွန်တော်မယူချင်ဘူး။ "

ဦးလေးကြီး၏ အင်္ကျီ လက်ကိုဆွဲရင်းပြောမိသည်။
" ပေါက်စနက ကျုပ်ကို ဒီလောက်တောင်မတတ်နိုင်တဲ့လူလို့များထင်နေသလား။ "

သူပြောသည်ကိုတလွဲအဓိပ္ပါယ်ကောက်သွားသည့်ဦးလေးကြီးကြောင့် နှောင်းရိပ်ခေါင်းကိုအခါခါရမ်းပြီးငြင်းဆန်လိုက်သည်။

" မဟုတ်တာ..ဦးလေးကြီးတတ်နိုင်မှန်းသိတယ်..ဒါပေမယ့် အရမ်းဈေးကြီးပေးရတာကြတော့ အားနာတယ်..."

" ပေါက်စနကလေ..အားနာသင့်တဲ့ဟာကိုအားနာသင့်တယ်။ ကျုပ်ကို ဦးလေးကြီး..၊ ဦးလေးကြီး လို့ခေါ်နေတာကိုပဲ အားနာသင့်တာပေါက်စနရဲ့။ "

နှောင်းတစ်ခေတ်သို့အလည်တစ်ခေါက် ( Complete)Tahanan ng mga kuwento. Tumuklas ngayon