အပိုင်း (၉)

376 51 0
                                    

မမနေခြည်သည် ဧည့်ခန်းထဲတွင် ထိုင်နေ၍ TV မှလာနေသည့် ရုပ်ရှင်ကားအား ကြည့်နေသည်။ ဖြူ လှဲအိပ်လိုက်ပြီး သူမပေါင်ပေါ်သို့ ခေါင်းတင်လိုက်သည်။ မမနေခြည်သည် ဖြူ့အပြုအမူအား အံ့ဩနေသည်ထင်။ သူမအား ပြုံးပြ၍ tv သို့သာ အကြည့်လွှဲလိုက်သည်။



"Keanu Reeves တဲ့ တို့ သိပ်ကြိုက်တဲ့ မင်းသားလေ"



"ဖြူ က John Wick လို့ပဲသိထားတာ"



"ဒီကားလေးကို တို့ ချစ်လွန်းလို့ ခနခနပြန်ကြည့်ဖူးတယ်ကွယ်"



ဖြူ title အား တစ်ချက်ကြည့်လိုက်မိသည်။ "A walk in the clouds" ။ မင်းသမီးသည် ရထားပေါ်တွင် သူမ ထိုင်ရမည့်ခုံလိုက်ရှာနေသည်ထင်။ ခနအကြာ မင်းသား၏ ကိုယ်ပေါ်သို့ အန်ချလိုက်သည်။ ဖြူ မမနေခြည်အား ဆတ်ခနဲ မော့ကြည့်လိုက်မိသည်။ မမနေခြည်သည် ဖြူ ဘာကြောင့်ကြည့်သည်ကို သဘောပေါက်သည့်ဟန်ဖြင့် ဖြူ့အား ငုံ့ကြည့်ကာပြုံးပြနေသည်။





"မမနေခြည်!"



".."



"ဖြူ အမှားလုပ်ခဲ့သေးလားဟင်"



"ညစ်ပတ်အိုးကလေး ဟင်းဟင်း"



ထိုသို့ပြော၍ ဖြူ့နှာခေါင်းအား ခပ်ဖွဖွကလေးဆွဲညစ်သည်။ ဖြူ့အား ငုံ့ကြည့်နေသည့် သူမ၏မျက်ဝန်းထဲသို့ ကြည့်နေမိသည်။ မမနေခြည်သည်လည်း ဖြူ့အားအကြည့်မလွှဲ။ အေးချမ်းသည်ဟု ဖြူခံစားရသည်။ လက်ညိုးကလေးဖြင့် သူမ မေးဖျားလေးသို့ အသာတို့ထိမိသည်။ ပြီးနောက် ပါးချိုင့်ကလေး, နှာခေါင်းဖျားမှ မှည့်ကလေး, ပန်းနုရောင်သမ်းနေသည့် နှုတ်ခမ်းပါးကလေး။ မမနေခြည်၏မျက်ဝန်းတို့သည်တောက်ပနေသော်လည်း တစ်စုံတစ်ခု၌ ယစ်မူးနေသည့်ဟန်။ ဖြူ့ နှလုံးခုန်သံတို့ မြန်လာသည်။ ဖြူ့ လည်ချောင်းထဲတွင်ခြောက်သွေ့နေသည်ဟုခံစားလိုက်ရသည်။ မမနေခြည်၏ နှုတ်ခမ်းကလေးအနည်းငယ်တုန်လှုပ်နေသည်ကို ဖြူမြင်သည်။ ဖြူ့ပါးတစ်ဖက်အား သူမ၏လက်ဖဝါးနုနုကလေးဖြင့် ကိုင်၍ လက်မကလေးနှင့် ဖြူ့နှုတ်ခမ်းအား တို့ထိနေသည်။ ဖြူနှင့် အကြည့်ချင်းဆုံတိုင်း အမြဲအကြည့်လွှဲသွားတတ်သည့် သူမသည်ဤတစ်ကြိမ်တွင် ဖြူ့အား အချိန်အကြာကြီးကြည့်နေသည်။ ထိုအကြည့်၏အဓိပ္ပါယ်ကို ဖြူ မတွေးဖြစ်ပါ။ ဖြူ တွေးနေသည်က သူမ၏ နှုတ်ခမ်းပါးက‌လေးအား နမ်းချင်သည်။ ဖြူ နမ်းချင်သည်။ ဖြူ့ အသက်ရှူသံတို့ မြန်လာသည်။ အတွေးတို့အား ချက်ချင်းပြန်ရုတ်သိမ်းရသည်။ 



ပထမဦးဆုံးသောWhere stories live. Discover now