အပိုင်း (၁၂)

390 50 1
                                    


"မမနေခြည်! သွေးလှူခဲ့တာဆိုတော့ ဖြူ ကားမောင်းမယ်နော်"





ဖြူ ကလေးမဟုတ်တော့ကြောင်းကို မမနေခြည်သိအောင်လုပ်ရမည်ပင်။




"တို့ မောင်းနိုင်ပါတယ်ကွယ်"




"ဖြူ ဒီလမ်းတွေကို မောင်းဖူးပါတယ် မမနေခြည်ရဲ့ Licence မပါလာပေမယ့် ဒီအချိန်မစစ်တော့ပါဘူး!
နော်! မမနေခြည်နော်"




"Licence မပါရင် မမောင်းရပါဘူး"




ဖြူ တစ်ချက်ပြုံးမိသည်။ ဒီအမျိုးသမီးဟာလေ။




"ဒါဆိုရင် ဖြူ ပြန်မလိုက်တော့ဘူး"




ဖြူ နှုတ်ခမ်းစူ၍ အကြည့်လွှဲနေလိုက်သည်။ မျက်လုံးထောင့်မှ ဖြူ့အား စိုက်ကြည့်နေသည့် သူမကို မြင်နေရသည်။ မည်သို့မည်ပုံကြည့်နေသည်ကိုတော့ ဖြူမသိပါ။ သက်ပြင်းတစ်ချက်ချ၍ ဖြူ့အား လက်လျှော့လိုက်ပုံရသည်။




"ဟုတ်ပါပြီးကွယ်"




ထိုသို့ပြော၍ ဖြူ့အား ကားသော့ပေးသည်။ ဖြူ သူမကိုပြုံးပြ၍ ကားတံခါးဖွင့်ပေးလိုက်သည်။ ည ၈နာရီခွဲနေပြီဖြစ်သည်။ နောက်ကျနေပြီဖြစ်သော်လည်း ဆိုင်တစ်ဆိုင်သို့ဝင်၍ ညနေစာစားလိုက်ကြသည်။ အိမ်အပြန်လမ်းတွင် မမနေခြည်သည် စကားတစ်ခွန်းပင်မပြောပါ။ လမ်းတစ်လျှောက်လုံး တစ်ခုခုအား တွေးတောစဉ်းစားနေသည့်ဟန်။




"မမနေခြည်! စိတ်ညစ်စရာရှိနေလို့လားဟင်"




ဖြူ့ကို ပြုံး၍သာကြည့်နေသည်။ ဘာမျှမတုန့်ပြန်လာ။




"ဆရာကြီးက ဒီမြို့က ဆေးရုံအုပ်ကြီးဆိုတာကို ဖြူ့ကိုဘာလို့မပြောခဲ့တာလဲဟင်"




"အရေးကြီးတဲ့အရာမှမဟုတ်တာကွယ်"




"ဖြူက မမနေခြည်အတွက် အရေးမကြီးဘူးလားဟင်"




"အိုး တို့က အဲ့ဒီလိုသဘောမျိုးပြောလိုက်တာ မဟုတ်ပါဘူးကွယ် မင်းကတို့အတွက် အရေးပါတဲ့လူကလေးပါ"




ဖြူ့နှလုံးသားတစ်ခုလုံးသည် ထိုစကားကလေးဖြင့်ပွေ့ဖက်ခံလိုက်ရ၍ နွေးထွေးသွားရသည်ပင်။




ပထမဦးဆုံးသောWhere stories live. Discover now