"မမနေခြည်"
ဖြူ့အား ဘာမျှတုန့်ပြန်ခြင်းမရှိပါပဲ ကုတင်ပေါ်သို့ တင်လိုက်သည်။ အခန်းတံခါးအား ပိတ်၍ ဖြူ့အနားတွင် လှဲအိပ်ကာ သူမလက်မောင်းပေါ်သို့ ဖြူ့ခေါင်းကို အသာအယာ မ ၍တင်လိုက်သည်။ ထို့နောက် ဖြူ့ဘက်သို့ ဘေးတစ်စောင်းလှည့်အိပ်ကာ ဖြူ့အား ပြုံး၍ကြည့်နေသည်။ ညမီးရောင်ကလေးကြောင့် သူမ၏မျက်နှာကလေးအား ဖြူ မြင်နေရသည်။
"တို့လေ ဖြူကလေးနဲ့တွေ့ပြီးနောက်ပိုင်း အံ့ဩစရာကောင်းလောက်အောင် ပျော်နေမိတယ်သိလား ဒီတစ်ညလေးတော့ မင်းနဲ့အိပ်ပါရစေကွယ် တို့ကို စိတ်မဆိုးဘူးမဟုတ်လား"
"အိုး မမနေခြည်ကို စိတ်ဆိုးရင် ဖြူ ရူးသွားလို့ဖြစ်မယ်"
"တို့ရဲ့ပထမဦးဆုံးဆန္ဒကို တို့ လက်လွှတ်ခဲ့ဖူးတယ် ဒုတိယအကြိမ်ဖြစ်ပေါ်လာတဲ့ဒီဆန္ဒကိုတော့ဖြင့် တို့ လက်မလွှတ်ချင်ဘူးကွယ် တို့ဆန္ဒကြောင့် မင်းကို တစ်ခုခုထိခိုက်သွားမှာကိုလည်း စိုးရိမ်နေမိတယ်"
"ဖြူ ကိုယ်တိုင်လိုလိုလားလား ရွေးချယ်ခဲ့တာ မမနေခြည်က ရွေးချယ်ခဲ့တာမဟုတ်ဘူး! မမနေခြည်ရဲ့အချစ်ကိုရလို့ ဖြူကအရမ်းကံကောင်းတဲ့လူတစ်ယောက်ဖြစ်နေပြီး မမနေခြည်ရဲ့!! ဖြူ ကတော့ မမနေခြည်အနားမှာရှိနေရင် အေးချမ်းရတယ် မမနေခြည်ရဲ့ရင်ခွင်က ဖြူ့ကိုနွေးထွေးမှုတွေပေးတယ် ဖြူက အဲ့ဒီလိုပဲခံစားရတယ် အဲ့ဒါကြောင့် မမနေခြည်ကို ဖြူ နဲ့ပက်သက်ပြီး ကိုယ့်ကိုကိုယ်အပြစ်မတင်စေချင်ဘူး "
"မင်းဟာလေ သိပ်ကို စကားတတ်လွန်းတယ်ကွယ်"
"မမနေခြည်"
"ရှင်!!"
" ဖြူ့ကို ချစ်တယ်လို့ပြောတာကို ဘာဖြစ်လို့ ခက်ခဲပြီးတုန်ယင်နေရတာလဲဟင်"
"မေမေ့ကိုတော့အကြိမ်ကြိမ် အလွယ်တကူပြောထွက်ပေမယ့် မင်းကိုချစ်တယ်လို့ ပြောချင်တာကို တို့ဖြင့် အတော်ကလေးသတ္တိမွေးလိုက်ရတယ်ကွယ် ဟင်းဟင်း နှုတ်ကထုတ်မပြောဖြစ်ပေမယ့် တို့ရင်ထဲမှာမင်းကိုသိပ်ချစ်ကြောင်း အမြဲပြောနေခဲ့တယ်ဆိုတာကို ယုံပါကွယ် တို့ဘဝမှာ သိပ်ချစ်တယ်လို့ပြောဖူးတာ ဖြူကလေးက ပထမဦးဆုံးပဲကွယ်"
KAMU SEDANG MEMBACA
ပထမဦးဆုံးသော
Romansaဖြူ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စိတ်အလုံးစုံသည် သူမအပေါ်တွင် များစွာမှီတည်နေလေပြီး။ သူမသည်သာ ဖြူ့ အလင်းတန်း။ သူမသည်သာ ဖြူ့ ကမ္ဘာကြီး။ အိုးး ထိုအမျိုးသမီးသည် ဖြူ့ကမ္ဘာကြီးတွင်ထွန်းလင်းတောက်ပလာတော့မည့် နေခြည်အလင်းတန်းပင်တည်း။