အပိုင်း (၂၃)

321 49 10
                                    






🎵🎵အချိန်အကြာကြီးခွဲမထားနဲ့တော့လေ🎵🎵
🎵🎵နှစ်ကိုယ်တူဘဝများငြိမ်းချမ်းအေးပါရစေ🎵🎵
🎵🎵အတူတူနေရအောင်ပြန်လာမလား🎵🎵
🎵🎵ကိုယ်အရမ်းလွမ်းနေပြီအချစ်ရေ🎵🎵


ဖြူ အိပ်ရာမှနိုးသည်နှင့် ကြားလိုက်ရသည့်သီချင်းကလေးအား ခံစား၍နားထောင်နေမိသည်။ အဆိုတော် ကိုင်ဇာ၏ ချိုမြမြအသံကလေးသည် ဖြူ့အား အလွမ်းနယ်ပယ်သို့ မနက်စောစောပင် ဆွဲငင်ခေါ်ယူသွားလေပြီး။


🎵🎵အမြဲတမ်းသတိရပါ့မယ်အချစ်ရေ🎵🎵
🎵🎵တစ်သက်လုံးအတွက် အချစ်ဆုံးတစ်ယောက်အဖြစ်လေ🎵🎵

ဖြူ ပြုံး၍ သီချင်းလေးအားတိုးတိုးကလေးညည်းဆိုနေမိသည်။ သီချင်းများအား ခံစားလေ့မရှိသည့် မိမိသည် မမနေခြည်ကြောင့် တဖြေးဖြေးနှင့်ခံစားတတ်လာလေပြီး။ သီချင်းကလေးများအား အကြားအာရုံ၍ ခံစားမိသည်နှင့် အတွေးအာရုံသည် မမနေခြည်ကိုသာပြေး၍မြင်ယောင်နေမိသည်ပင်။ စွဲလန်းစိတ်..။ တစ်စုံတစ်ယောက်အား ချစ်၍စွဲလန်းလွန်းသည့်စိတ်သည် တစ်ခါတစ်ရံတွင် အင်မတန်ကြောက်စရာကောင်းပါသည်လေ။ ခုံပေါ်တွင်တင်ထားသည့် ဖုန်းအားလှမ်းယူ၍ တစ်စုံတစ်ခုအား မျှော်လင့်တစ်ကြီးရှာဖွေနေမိပါသော်လည်း အချည်းအနှီးသာ။ ခပ်တိုးတိုးက‌လေးသက်ပြင်းချလိုက်မိသည်။ ဤနေ့မနက် လေယာဉ်ဖြင့် မမနေခြည်ရှိရာသို့ပြန်မည်ဟု စိတ်ကူးထားသည်။ ဖြူ မမနေခြည်အား မျက်နှာချင်းဆိုင်၍ မေးချင်သည်။ ဖြူ့အား အဘယ်ကြောင့် ဤကဲ့သို့ရှောင်ဖယ်နေသည်ကိုလေ။ အဝေး၏အရှေ့တွင် ဖြူ အတတ်နိုင်ဆုံး ဟန်ဆောင်နေရသည်။ မိမိသူငယ်ချင်းသည် မိမိအပေါ်ဂရုစိုက်လွန်းပါသည်။ ထို့ကြောင့်ပင် မမနေခြည်အား မိမိကြောင့် တစ်စုံတစ်ရာ သွား၍ရန်တွေ့နေမည်ကိုလည်းစိုးသည်။ ပြန်စာမလာသည့် ဖုန်းနံပါတ်ကလေးအား အကြိမ်ကြိမ်စာပို့နေမိသည်။ သို့သော်လည်း........။




"ဖြူစင် တကယ်ပဲတစ်ယောက်ထဲ ပြန်ရဲလို့လား"




"ရပါတယ်အဝေးရယ် အဆင်ပြေသွားမှာပါ"




"နေပါအုံး ဖြူစင် နင်တစ်ယောက်ထဲပြန်လာမယ်ဆိုတာကို အန်တီက ခွင့်ပြုလို့လား"




ပထမဦးဆုံးသောWhere stories live. Discover now