ဖြူ အိမ်သို့ပြန်ရောက်သည်နှင့် နှစ်နာရီမျှစာကြည့်ကာ အိပ်ပျော်သွားသည်။ အိပ်ရာမှနိုးလာစဉ်ပြတင်းပေါက်သို့ သွား၍တစ်ဖက်ခြံအားကြည့်လိုက်သည်။ မိုးရွာထားသည်ထင်သည်။ ဟုတ်ပါသည်။အချိန်အခါမဟုတ် မိုးရွာခြင်းဖြစ်မည်။ ဖြူအိပ်ပျော်နေ၍မသိလိုက်ပါ။ မမနေခြည်၏ကားလေးအား သူမ၏အိမ်ရှေ့ဆင်ဝင်အောက်တွင် တွေ့ရသည်။ ဖြူ ရေချိုးအဝတ်လဲ၍ အောက်ထပ်သို့ဆင်းလာလိုက်သည်။ မေမေ့အား ဧည့်ခန်းထဲတွင် TV မှ ဇာတ်လမ်းတွဲ ကြည့်နေသည်ကို တွေ့ရသည်။
"သမီးနိုးပြီလား! Pizza စားအုံးသမီးရေ! နေခြည် လာပေးသွားတာ! မေမေဖြင့် အားနာလိုက်တာကွယ်!"
ဖြူ ပြုံးမိသည်။ Pizza တစ်ခုကိုယူ၍ စားလိုက်ပြီး..
"မေမေ! မိုးရွာထားတာလား"
"ဟုတ်တယ် သမီးရေ! အချိန်မဟုတ်အခါမဟုတ်ကွယ်"
"မေမေ"
"အင်း! သမီး"
"မမနေခြည် ဘယ်အချိန် လာသွားတာလဲဟင်"
"မကြာသေးဘူး သမီး! နာရီဝက်ကျော်လောက်တော့ရှိရောပေါ့"
"ဒါဆို ဖြူ သူ့အဝတ်တွေ သွားပို့လိုက်အုံးမယ်နော်မေမေ"
"အင်း!! သမီး"
မေမေသည် ဖြူ့ဆီသို့ အာရုံမရောက်ပါ။ သူ့ဇာတ်လမ်းတွဲကိုသာ မျက်နှာမလွှဲကြည့်နေသည်ပင်။ အပေါ်သို့ပြေးတက်ကာ ဖြူမနက်က ဝတ်လာသည့် မမနေခြည်၏ ပန်းရောင်ဝမ်းဆက်ကလေးအား မီးပူတိုက်ပြီး အိတ်တစ်ခုထဲသို့သပ်သပ်ရပ်ရပ်ထည့်ကာ တစ်ဖက်ခြံသို့ ထွက်လာလိုက်သည်။ မမနေခြည်သည် ခြံတံခါးဖွင့်ထား၍ ဖြူ ခြံထဲသို့ဝင်လာလိုက်သည်။ အိမ်တံခါးကိုလည်းဖွင့်ထားသည်။ အိမ်ထဲသို့ဝင်ကာ ဧည့်ခန်းတွင်ထိုင်လိုက်သည်။ မမနေခြည်ကို မတွေ့ရ။ ခေါ်လည်းမခေါ်ရဲပေ။ အတန်ငယ်ကြာသော် မမနေခြည်သည် အိပ်ခန်းထဲမှ ထွက်လာသည်။ ရေချိုး၊ ခေါင်းလျှော်ထားသည်ကိုတွေ့ရသည်။ ဖြူ့ကို မြင်၍ အံ့ဩနေသည်ထင်။ ဖြူ့ဘေးသို့ လာထိုင်၍ ဖြူ့ကို ပြုံးပြီးကြည့်နေသည်။ ဖြူ ခေါင်းကိုငုံ့လိုက်ပြီး..
VOCÊ ESTÁ LENDO
ပထမဦးဆုံးသော
Romanceဖြူ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စိတ်အလုံးစုံသည် သူမအပေါ်တွင် များစွာမှီတည်နေလေပြီး။ သူမသည်သာ ဖြူ့ အလင်းတန်း။ သူမသည်သာ ဖြူ့ ကမ္ဘာကြီး။ အိုးး ထိုအမျိုးသမီးသည် ဖြူ့ကမ္ဘာကြီးတွင်ထွန်းလင်းတောက်ပလာတော့မည့် နေခြည်အလင်းတန်းပင်တည်း။