အပိုင်း (၁၀)

372 44 0
                                    

ကားကိုတည်ငြိမ်စွာမောင်းနေသော်လည်း သူမ၏ မျက်ဝန်းတို့သည် ဂနာမငြိမ်ဖြစ်နေသည်ကို ဖြူသတိထားမိသည်။ တစ်စုံတစ်ခုအား အလိုမကျခြင်းလား သို့တည်းမဟုတ် ဝေခွဲမရဖြစ်နေခြင်းလား။ ဖြူ အတိအကျမသိသော်လည်း မမနေခြည် တစ်ခုခုဖြစ်နေသည်မှာ သေချာပါသည်။



"မမနေခြည်! အိမ်မှာပြန်ချက်စားရအောင်လေ"



"တို့ ပင်ပန်းနေလို့ပါ"



"ဖြူ ချက်ကျွေးမှာပေါ့ မမနေခြည်ရဲ့"



"နောက်တစ်ခါပေါ့! နောက်တစ်ခါ တို့ ချက်ကျွေးပါ့မယ်ကွယ် ဟုတ်ပြီလား"



ကားအား ဆိုင်တစ်ဆိုင်တွင်ရပ်၍ ဖြူတို့ ထမင်းစားကြသည်။ အပြန်တွင် မမနေခြည်သည် ကြက်ကြော်အချို့ ဝင်ဝယ်ခဲ့သည်။ ကားထဲတွင် ဆိတ်ငြိမ်နေ၍ ဖြူ စကားစ ရှာနေမိသည်။ ဖြူ သီချင်းနားထောင်‌လေ့ရှိသည့် လူတစ်ယောက်မဟုတ်ပါ။ သို့သော် ဖေဖေရှိသည့်အခါ ဖေဖေသည် စာကြည့်ခန်းထဲတွင် တစ်ခါတစ်ရံ သီချင်းနားထောင်လေ့ရှိသည်။ ဖြူ မှတ်မိနေသည့် သီချင်းရှိသည်။ ထိုသီချင်းသည် ဖေဖေသိပ်ကြိုက်၍မကြာခနဆိုနေခြင်းကြောင့် ဖြူ ကြားဖူးနေခြင်းဖြစ်သည်။ ဟုတ်သည်။



"မမနေခြည်! သီချင်းနားထောင်မလားဟင်"



"အင်း!"



ဖြူ youtube တွင် ခပ်မြန်မြန်ရှာလိုက်သည်။ ပြီးလျှင် bluetooth နှင့်ချိတ်ပြီး



"မမနေခြည်!"



"..ရှင်!!"



"ဒီသီချင်းစာသားကလေးတွေက မမနေခြည်ကို ဖြူ ပြောချင်တာနဲ့တစ်ထပ်တည်းကျတယ် သိလား"



သူမ၏အပြုံးကလေးများကြောင့် ဖြူ ရင်ခုန်နေရပါပြီး။ ဖြူ့နှလုံးသားတစ်ခုလုံးအား လွှမ်းမိုးထားနိုင်သည့် မမနေခြည်ပင်။  ဂီတသံကလေး ညင်သာစွာ ထွက်ပေါ်လာသည်။ အဆိုရှင် ကိုင်ဇာ၏ မောင့်အိပ်မက်မေ..

🎻🎻🎻
မောင့်...အိပ်မက်မေ....
မောင့်...အိပ်မက်မေ....
အိုးဟိုးအိပ်မက်မေ..🎼🎼🎼

ရှေးယခင်ဘဝဟောင်းအကြောင်းနဲ့မကင်းတဲ့ရေစက်ထင်
မြင်မြင်ချင်းပင် ရင်းနှီးဖူးသလို ကိုယ်..ထင်
မျက်မြင်ထင်ရှားမိုးကျနတ်ပြည်သူတစ်ဦးအသွင်
မြန်မာဆန်တဲ့ခင် သူ့အပြုံးကလေးတွေယဉ်ကျေးတယ်
မောင့် အိပ်မက်မေ
မောင့် အိပ်မက်မေ
မောင့်အိပ်မက်နိုင်ငံထဲက ဧကရီသခင်မလေး🎺🎺
မောင့်အိပ်မက်မေ
မောင့် အိပ်မက်မေ
မောင့်အိပ်မက်အိမ်ထဲက အိမ်ရှင်မလေးရေ🎺🎺
🎸🎸🎸🎸

ပထမဦးဆုံးသောWhere stories live. Discover now