အပိုင်း (၂၄)

408 55 22
                                    






အခန်းထဲသို့ရောက်သည်နှင့် ကုတင်ပေါ်သို့မှောက်အိပ်ကာ ထိန်းချုပ်လာခဲ့ရသမျှ ဖြေလွှတ်ကာ ငို‌ကြွေးနေမိသည်။ ဖြူ့နှလုံးသားမှ ပထမဦးဆုံးစတင်ခံစားဖြစ်ပေါ်လာသည့်အချစ်။ ဖြူ့နှလုံးသားအား အေးမြမှုကိုသာပေးသည့် အချစ်။ ထိုအချစ်သည် ယခုတွင်တော့ နှလုံးသားတစ်ခုလုံးအား အစိတ်စိတ်အမွှာမွှာဓါးနှင့်အမွှမ်းခံနေရသည့်နှယ် နာကျင်မှုကိုပေးနေလေပြီး။ ဖြူ မြတ်နိုးစွဲလန်းခဲ့ရသည့် နှုတ်ခမ်းပါးကလေး၊ တောက်ပသည့်မျက်ဝန်းကလေးများ၊ သူမ၏နူးညံ့ညင်သာသည့် အထိအတွေ့ကလေးများ၊ သူမ၏ လက်ခုံပေါ်မှ မှည့်ကလေး။ ဖြူ့အား ကျီစယ်တတ်သည့် ပါးချိုင့်ကလေး။ အားလုံး..အားလုံးသည် ဖြူ့အမြင်အာရုံ၌ထင်ဟပ်လျှက်။ သူမ၏ရှည်သွယ်သည့်လက်ကလေးအား ဖြူမဟုတ်သည့် တစ်ခြားအမျိုးသားတစ်ဦးသည် ထိတွေ့ကိုင်တွယ်နေသည်။ ထိုအမျိုးသားသည် ..။ ထိုအမျိုးသားသည် ဖြူ့ ဖေဖေ။ ဖေဖေ့ကို ပထမဦးဆုံးအကြိမ်အဖြစ် ဖြူ မုန်းသည်။ တလှိမ့်လှိမ့်စီးကျလာသည့်မျက်ရည်များအား လက်ခုံဖြင့်သုတ်လိုက်သည်။ သို့သော်လည်း မကုန်ခမ်း နိုင်သေးသည့် မျက်ရည်များသည် တိုး၍တိုး၍စီးကျလာသည်သာ။



"ဟင်!! ဖြူစင်"




"အဝေးရယ်"




ဖြူ အဝေးအား အားကိုးတကြီးဖက်၍ ရှိုက်ကြီးတငင်ငိုကြွေးနေမိသည်။




"မမနေခြည်က ရက်စက်တယ် အဝေး  ငါ့ကိုမှဘာလို့ အဲ့ဒီလိုလုပ်ရက်ရတာလဲ ဘာလို့လဲ ငါဘာမှားလို့လဲဟင်"




"ငါ..ငါ မမနေခြည်ကို မုန်းလို့မရဘူး အဝေးရယ်.. ငါ့နှလုံးသားက သူတစ်ယောက်ထဲကိုပဲလိုချင်နေမိတာ ငါဘာလုပ်ရမလဲ ဟင် ငါဘာဆက်လုပ်ရမလဲ"




"ငါ သူ့ကိုသိပ်ချစ်တာ အဝေးရယ်.... ငါသူ့ကိုအရမ်းချစ်တာ"




တရှိုက်ရှိုက်ငိုနေသည့်ကြားမှ နာကျင်မှုတို့အား ဖွင့်ဟပြောဆိုနေမိသည်ပင်။ အဝေးသည် ဖြူ့အား ဖက်ထား၍ စကားတစ်ခွန်းပင်ဆိုလာခြင်းမရှိ။ ဖြူ သိပါသည်။ ဖြူ့အား ဝအောင်ငိုခွင့်ပေးနေခြင်းဖြစ်သည်။




ပထမဦးဆုံးသောDonde viven las historias. Descúbrelo ahora