အပိုင်း (၁၈)

370 59 2
                                    


ညနေ ၆နာရီခန့်တွင် ဖြူတို့မြို့ထဲသို့ပြန်ရောက်လာကြသည်။ ဖြူ့အိမ်‌ရှေ့သို့ရောက်သော် ခြံထဲတွင် ဖေဖေ့ကားအား တွေ့ရသည်။ ဧည့်ခန်းထဲတွင်‌  ဖေဖေနှင့်မေမေတို့ အတူထိုင်နေကြသည်။ ဖြူ ဖေဖေ့အနားသို့ဝင်ထိုင်လိုက်၍



"ဖေဖေပြန်ရောက်နေပြီး"




"ငါ့သမီးက ဖေဖေ့ကိုမေ့သွားပြီပေါ့"




"မဟုတ်ရပါဘူး ဖေဖေရယ် ဖြူက မပြန်ခင် ဖေဖေနဲ့တွေ့သွားချင်တာကို ဒါနဲ့လေဖေဖေ ဒါက မမနေခြည်တဲ့ ဟိုဘက်က မဝတ်ရည် ဘေးခြံကိုပြောင်းလာကြတဲ့ အစ်မတွေလေ ဖေဖေ့ကို ဖြူ ဖုန်းထဲမှာပြောဖူးပါတယ်"



"သမီးက သူ့မမနေခြည်အကြောင်းကို ခနခနပြောလွန်းလို့ အန်ကယ်လ်က နာမည်တော့ရင်းနှီးနေပြီး လူချင်းက‌တော့အခုမှဆုံရတော့တယ်"



ဖေဖေသည် ထိုသို့ပြော၍ မမနေခြည်အား အံ့ဩထူးဆန်းနေသော အကြည့်တို့ဖြင့်အချိန်အ‌တော်ကြာသည်အထိကြည့်နေသည်။



"မမနေခြည် ဒါဖြူ့ ဖေဖေလေ ‌ဦးမျိုးသန့်တဲ့  ဖေဖေက အမြဲခရီးသွားနေတာ များတယ်"



မဝတ်ရည်သည် မမနေခြည်အား ဆတ်ခနဲတစ်ချက်ကြည့်လိုက်သည်ကို ဖြူသတိထားမိသည်။ ထို့နောက် မမနေခြည်သည် အနည်းငယ်ပြုံး၍




"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ရှင်'"




"ဒါဖြင့် သမီးတို့က ရန်ကုန်ကပေါ့"



"ဟုတ်ကဲ့ပါ အန်ကယ်လ်"



"နေခြည်က ရန်ကုန်ဇာတိပဲလား"



ဖေဖေသည် မမနေခြည်အား ကြည့်၍မေးနေသည်။ ထိုမေးခွန်းအား မမနေခြည်သည်ဖြေရန် အနည်းငယ်တွန့်ဆုတ်သွားသည်ထင်။ မဝတ်ရည်သည်


ပထမဦးဆုံးသောDonde viven las historias. Descúbrelo ahora