Ep- 5 Unicode

4.3K 221 14
                                    

"စွမ်းပြည့်နဲ့ သော်တာ ခဏနေ မုန့်စားဆင်းရင် ငါတို့ ထမင်းသွားစားထားရအောင်"

ဤသည်မှာ အတန်းခေါင်းဆောင် စပ်စလူး၏ ညှိနှိုင်းသံပင်။

"ဟာ့ ဘာလို့တုန်းကွ"

"အေးလေ မင်းကလည်း ဘာစတန့်ထွင်တာလဲ"

စွမ်းပြည့်နှင့် ခန့် နှစ်ယောက်သား သူရကို ပြိုင်တူပြန်ပြောလိုက်ခြင်းဖြစ်ပေသည်။

"ငါ မနေ့ညက ဂိမ်းဒေါင်းလာတာ၊ စာအုပ်ရှာတဲ့ဂိမ်းကွ မိုက်တယ်ဆိုလို့၊ လိုက်ဖမ်းတဲ့ သရဲရောပါတော့ ငါတစ်ယောက်တည်းလည်း မ‌ဆော့ ရဲဘူးကွာ၊ အဲ့တော့ မင်းတို့နှစ်ယောက်နဲ့ တူတူ ဆော့မလို့၊ ငါနဲ့ ကူဆော့ပေးကြကွာ နော် နော် ဟျောင့်တွေ"

"ဖြစ်ပါ့မလားကွ မင်းကလည်း၊ ကျောင်းတက်ရင် ဆော့ရင်း တန်းလန်း ဖြစ်နေဦးမယ်"

"မဖြစ်ပါဘူး သော်တာရ၊ ငါ သတင်းကြားလာတာ ကျောင်းတက်တက်ချင်း ၀င်မယ့် Chemistry ဆရာက ခွင့်ယူထားတယ်တဲ့ကွ၊ ဂွင်ပါပဲဆိုကွာ"

"ဒါနဲ့ နေစမ်းပါဦး၊ ဖုန်းကို Lockerထဲ သိမ်းထားတာလေကွာ၊ မင်း ဘယ်လိုယူမလို့လဲ"

"ဒီမှာ စွမ်းပြည့် ငါပါကွ သူရဟိန်းပါ၊ မပိုင်ရင် ခြင်မရိုက်ဘူး၊ ငါ ဖုန်းတစ်လုံး အပို ခိုးထည့်လာတာ ဟားဟား"

"အေးကွာ ဆော့မယ်"

သည်လိုနှင့် မုန့်စားဆင်းချိန်တွင် ဆရာသမား သုံးယောက်သည် "breakfast မစားလာခဲ့ရလို့ သားတို့ ဗိုက်အရမ်းဆာနေလို့ပါ" ဟူ၍ အစချီကာ သနားစရာ မျက်နှာငယ်လေးတွေနှင့် ထမင်းစားဆောင်မှ အန်တီကြီးအား ကပ်ချွဲကာ အစီအစဉ် အကောင်အထည် ဖော်ကြလေတော့သည်။

ထို့နောက် ထမင်းစား ဆင်းချိန်မှ စ၍ ဂိမ်းဆော့လိုက်ကြပြီး ကျောင်းတက်ချိန်တွင် အစားထိုး ဆရာလည်း မ၀င်သည်ကြောင့် အချိန် 2နာရီနီးပါး အားလပ်ရာ တစ်၀ကြီး ဆော့လိုက်ရ၊ အော်လိုက်ကြရလေ၏။

"သူရ ချီးထုပ်၊ မင်းရဲ့ ဂိမ်းကြီးက လန့်စရာကြီးကွာ"

ခန့်က သူရ၏ လက်မောင်းကို တစ်ချက်ထိုးကာ ပြောလိုက်ခြင်းဖြစ်သည်။

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now