Ep- 101 Unicode

2.4K 138 76
                                    


"ခန့်ငယ် ~ ... "

ဦးလွင်က သူ့ကလေးငယ်ကို သူ့ပခုံးပေါ်၌ လွတ်လပ်စွာ ငိုခွင့်ပြုပြီးနောက် လေသံ အေးအေးလေးဖြင့် ခေါ်လိုက်ခြင်းဖြစ်သည်။

"အင့် ... ဗျာ ... ဟင့်"

"ကိုယ့်ကိုကြည့်ပါဦး"

မျက်ရည်တို့ ရွှဲနေသည့် ကလေးငယ်က သူ့ကို ကြည့်လာမှ ဦးလွင်လည်း လက်နှစ်ဖက်ဖြင့် မျက်ရည်တို့ကို အသာသုတ်ပေးကာ ပြောလိုက်၏။

"စက်ဘီးက ခန့်ငယ် မိဘတွေ ၀ယ်ပေးခဲ့တဲ့ လက်ဆောင်မလား"

"အင့် ... ဦး ... ဦးလွင် သိနေတာလား"

"ကိုယ် ခန့်မှန်းကြည့်တာ၊ ကိုယ်ပြောတာ သေချာနားထောင်နော်"

"အင့် ဟုတ်ကဲ့"

"တော်ပြီလေကွာ၊ ငိုတာ တိတ်တော့"

ပေါင်ပေါ်မှ အငိုသန်လေးက မျက်ရည်တို့ စီးကျနေပြန်သေးသည်မို့ ဦးလွင်က မျက်ရည်တို့ကို ထပ်သုတ်ပေးရင်း ပြောလိုက်၏။

"ဟင့် ... ဟုတ်ကဲ့"

"ခန့်ငယ်ရဲ့ မိဘတွေက ခန့်ငယ်ရဲ့ ရင်ထဲမှာတော့ အမြဲတမ်း ရှင်သန်နေတယ်မလား"

ငိုချင်စိတ်ကို ထိန်းထားသည့် ကလေးငယ်က ခေါင်းအထပ်ထပ်ညိတ်ပြလာတော့သည်။

"သူတို့၀ယ်ပေးခဲ့ပစ္စည်းလေးတစ်ခုကြောင့် ခန့်ငယ်က အခုလိုမျိုး တစ်ချိန်လုံး ငိုနေမယ်ဆိုရင် သူတို့ဘယ်စိတ်ကောင်းပါ့မလဲ၊ သူတို့က ခန့်ငယ်ကို အခုလိုပုံစံမျိုး မြင်ချင်ကြမယ်လို့ ကိုယ်တော့မထင်ဘူး"

...

မျက်နှာလေး မဲ့နေသည့်ကလေးငယ်က စကားကို သေချာနားထောင်နေသည့်တိုင် ဘာမှတော့ ပြန်မပြောသဖြင့် ဦးလွင်ကပဲ ဆက်ပြောလိုက်လေ၏။

"ပစ္စည်း သင်္ခါရ၊ လူ သင်္ခါရ တဲ့၊ လူတွေတောင် တစ်နေ့နေ့၊ တစ်ချိန်ချိန် မှာတော့ သေချာပေါက် သေကြရသေးတယ်ခန့်ငယ်၊ ခန့်ငယ်လည်း သိပေမဲ့ ဒါကို သတိလက်လွတ်ဖြစ်နေမှာစိုးလို့ ကိုယ်က သတိပေးရတာ၊ ဘယ်အရာမှ မတည်မြဲဘူးလေ၊ အဲ့တာကြောင့် ကိုယ်ကတော့ ကိုယ့်ကလေးလေးကို အစွဲအလမ်းမကြီးစေချင်ဘူး"

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now