Ep- 7 Zawgyi *p*

1.9K 68 0
                                    

"ထွန်းခန့်သော်တာ ရှေ့ကိုထွက်ခဲ့မယ်"

"ဟုတ်ကဲ့"

ဦးလွင်၏ အေးစက်စက်အသံကြောင့် ခန့် ရေခဲလူသားကဲ့သို့ ခြေဖျား၊လက်ဖျားများ အေးစက်နေပြီ ဖြစ်၏။

"ကိုယ့် Homework video ကို ကိုယ်တိုင်ပြန်ကြည့်လိုက်လား"

"ဟုတ် ကြည့်လိုက်ပါတယ်"

"သဘောကျလား အဲ့ဒီ့ video ကို"

"မကျပါဘူး ဆရာ ... သား တောင်းပန်ပါတယ်"

ခန့် ခေါင်းကို ငုံချရင်း လေသံ တိုးတိုးဖြင့် ပြန်ဖြေမိပြီး အဆုံးသတ် အသံတို့ အနည်းငယ် တုန်နေတော့ပြီ ဖြစ်သည်။

"အွန်း ခန့် မှတ်ထားရမှာက ကိုယ်လုပ်ထားတဲ့ အလုပ်တစ်ခုကို ကိုယ်ကိုယ်တိုင်က စိတ်တိုင်းမကျ၊သဘောမကျဘူးဆိုရင် အခြားသူတွေလည်း သဘောကျမှာ မဟုတ်ဘူးလေ"

"ဟုတ်ကဲ့ ... သား မှားသွားပါတယ်၊ ကျောင်းက စာမေးပွဲနဲ့တိုက်ပြီး သား အချိန်ကို သေချာ မစီမံလိုက်ရဘဲ အချိန်မလောက်ဘူး ဖြစ်သွားလို့ပါဆရာ၊ နောက် မဖြစ်စေရတော့ပါဘူး"

"ဟုတ်ပြီ၊ Videoကို ဒီနေ့ အပြီး ပြန်ရိုက်ပြီး ပြန်ပို့ပေး၊ ခန့်ရဲ့ သီချင်းဆိုပုံတွေ ဆရာသိတာကြောင့် အခု videoက ခန့် အပြည့်အ၀ အားစိုက်ထုတ်ထားတာမဟုတ်မှန်း ဆရာသိတယ်၊ နောက် ဒီလိုပုံစံမျိုး လုံးဝလက်မခံဘူးနော် ခန့်၊ အပြစ်ရှိတဲ့အတွက် အပြစ်ပေးခံရမယ်၊ လှည့် ဟိုဘက်"

ခန့်က နက်ပြာရောင် Short Pant လေး ၀တ်ထားသည်ကြောင့် ခြေသလုံးသားတို့ ပေါ်နေပြီးဖြစ်၍ ဦးလွင် Whiteboard ဘက် ညွှန်ပြရင်း ပြောလိုက်ခြင်းဖြစ်သည်။

ဖြန်း

ဖြန်း

ဖြန်း

"အာ့ အာ့ နာတယ် ဆရာ"

ခန့်ခြေသလုံးသားဖြူဥဥပေါ်သို့ အနီအစင်း သုံးကြောင်းအား ဦးလွင် လှပစွာ ဆေးခြယ်ပေးပြီး ခန့်ကို နေရာမှာ ပြန်ထိုင်စေလိုက်လေသည်။

"ခန့်ရော၊၀ဏ္ဏရော သေချာမှတ်ထား၊ နောက်ဆို စာမေးပွဲ ရှိရင် ဆရာ့ကို ပွင့်ပွင့်လင်းလင်း ကြိုပြောလေ၊ ဒါမှ ဆရာ အချိန်ပြန်ညှိပေးလို့ ရမှာပေါ့၊ အခုတော့ တစ်ယောက်က လုပ်မလာဘူး၊ နောက်တစ်ယောက်က ပြီးစလွယ် လုပ်လာတယ်၊ ဆရာ စိတ်အများကြီး လျှော့ထားလို့ သည်လောက်နဲ့ ပြီးသွားတာ၊ မဟုတ်ရင် မင်းတို့ နှစ်ယောက်လုံး မလွယ်ဘူး၊ ပြီးတော့ ခန့် အတန်းပြီးတာနဲ့ ရုံးခန်းလိုက်ခဲ့"

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now