Ep- 60 Unicode

2.5K 143 72
                                    


ဒေါက် ဒေါက် ဒေါက် ***

"အစ်ကို ကျွန်တော် မိုးသောက်ပါ"

"၀င်ခဲ့ပါ"

"ကိုမိုးသောက် အတွင်းရေးမှူးက ခေါ်နေပါတယ်" ဟူသည့် staffတစ်ယောက်၏ စကားကြောင့် ခန့်၏ မန်နေဂျာ မိုးသောက် သည် အတွင်းရေးမှူးထိုက်စံ၏ ရုံးခန်းသို့ ရောက်လာခြင်းဖြစ်သည်။

"ထိုင် မိုးသောက်၊ အစ်ကို မိုးသောက်ကို မှာစရာတွေရှိလို့"

အခန်းထဲ၀င်လာသည့် မိုးသောက်အား ဆိုဖာခုံဆီသို့ ညွှန်ပြရင်း ထိုက်စံ ပြောလိုက်ခြင်းဖြစ်သည်။

"ဟုတ်ကဲ့ အစ်ကို"

"မိုးသောက်က အခု Moonရဲ့ မန်နေဂျာအဖြစ် တာ၀န်တွေ အပြည့်အ၀ယူရတော့မှာနော်၊ ခဏနေလည်း ရိုက်ကွင်းကို လိုက်သွားရမယ်မလား"

"ဟုတ်ကဲ့"

"မိုးသောက်ရဲ့ ပထမ ဦးစားပေးတာ၀န်က Moon  ထိခိုက်ဒဏ်ရာမရစေဖို့ပဲ"

"ဟုတ်ကဲ့ ... ကျွန်တော် မှတ်ထားပါ့မယ်"

"နောက်တစ်ခုက Moon နဲ့ ပတ်သက်သမျှ အချိန်နဲ့ တပြေးညီ ဆရာ့ဆီ သတင်းပို့ပြီး အစီရင်ခံပါ"

"ဟုတ်ကဲ့ဗျာ့"

"ပြီးတော့ အလုပ်မှာ အလိုက်သိဖို့၊ တာ၀န်ကျေဖို့ အရေးကြီးတယ်၊ တစ်ခုခု သိချင်တာ၊ လိုအပ်တာ၊ အခက်အခဲရှိတာမျိုးတွေဆို အစ်ကို့ကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်၊ တိုင်ပင်လို့ရတယ်"

"ဟုတ်ကဲ့ အစ်ကို၊ ကျေးဇူးတင်ပါတယ်ဗျာ့"

"အွန်း ရပြီ၊ ခဏနေ ဆရာနဲ့ Moon ရောက်လာတော့မယ်၊ ယူစရာရှိတာ‌တွေယူပြီး အဆင်သင့်လုပ်ထားတော့"

"ဟုတ်ကဲ့ အစ်ကို၊ ကျွန်တော် သွားလိုက်ပါဦးမယ်ဗျာ့"

ထိုက်စံ မိုးသောက်အား ခေါင်းတစ်ချက်ညိတ်ပြလာသည်ကြောင့် မိုးသောက်လည်း အပြင်သို့ ပြန်ထွက်ခဲ့တော့၏။ မိုးသောက်၏ စိတ်ထဲ တစ်ချိန်လုံးတွေးမိနေသည်က *ဒီအစ်ကိုက ထူးဆန်းတယ်၊ သူ့စကားတွေက သာမန်ထက်ပိုပြီး နာခံချင်စရာပဲ၊ ဒါမှမဟုတ် နာခံချင်နေတဲ့ ငါကပဲ ထူးဆန်းနေတာလား၊ အား မသိတော့ဘူး ~~~* ဟူ၍ပင်တည်း။

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now