Ep- 39 Zawgyi

1.3K 58 0
                                    


သော်တာ!!!!

သော်ကြီး!!

ကားဘရိတ်သံ ကြား၍ သူရ၊စွမ်းပြည့်နှင့်နှိုင်းတို့ လှည့်ကြည့်လိုက်ရာ အဖြစ်အပျက်သည် မြန်ဆန်လွန်းသည်ကြောင့် သူတို့သုံးယောက် ခေါင်းပင်ကြီးသွားကာ သူငယ်ချင်းဖြစ်သူဆီသို့ အလျှင်အမြန် ပြေးသွားလိုက်ကြ၏။

သူတို့ သုံးယောက် ခန့်ဆီ ရောက်သွားချိန်တွင်တော့ ခန့် သတိမေ့နေပြီဖြစ်သည်။ သူရ ခန့် လေရစေရန် လူတွေ ဝိုင်းအုံမနေကြဖို့ အော်ရင်း သူရ ဆေးရုံကားအား ဖုန်းဆက်၍ နေရာလှမ်းပြောလိုက်၏။

"သော်တာ ထပါကွာ၊ မင်း အဲ့လိုမနောက်နဲ့လို့ ဟေ့ကောင် ထတော့ကွာ အီးဟီး..."

စွမ်းပြည့်လည်း ခန့် ကျောပိုးအိတ်လေးအာ ကောက်လွယ်ကာ ခန့် ခြေထောက်နားတွင် ထိုင်၍ ခန့်ခြေထောက်လေးအား လက်ဖြင့်ကိုင်လှုပ်ကာ တရှုံ့ရှုံ့ငိုရင်း ခန့်ကို နှိုးနေမိတော့သည်။

နှိုင်းကတော့ တစ်ဖက်မှ ကားသမားအား စကား‌သွားပြောလိုက်၏။ ကားမောင်းသူမှ အစစအရာရာ တာဝန်ယူပေးမည်ဖြစ်ကြောင်း ထွက်မပြေးကြောင်း အတန်တန်ပြောနေသည့်တိုင် နှိုင်း ဒေါသတို့ထွက်ကာ ‌လက်သီးကို ကျစ်ကျစ်ဆုပ်၍ ကားမောင်းသူအား စိုက်ကြည့်လျက် "ကျွန်တော့်သူငယ်ချင်း တစ်ခုခုဖြစ်ရင် ခင်ဗျားကို တစ်သက်လုံး ထောင်ထဲကမထွက်နိုင်အောင် လုပ်ပစ်မယ်" ဟူ၍ပင် ကြုံးဝါးမိတော့၏။

ခဏအကြာတွင်တော့ ဆေးရုံကား ရောက်လာသည်ကြောင့် ခန့်ကို ဆေးရုံကားပေါ်တင်ကာ သူရနှင့် စွမ်းပြည့်လည်း ဆေးရုံကားနှင့် လိုက်သွားလိုက်ကြ၏။

နှိုင်းက ခန့်ကိုတိုက်ခဲ့သည့် ကားမောင်းသူနှင့်အတူ ဆေးရုံကားနောက်မှ ထိုသူ၏ကားဖြင့် လိုက်ခဲ့လိုက်၏။ နှိုင်း ကားပေါ်ရောက်မှသာ ဦးလွင်မဟာမြတ်ဆီသို့ အကြောင်းကြားရန် သတိရ၍ ဆရာ့ဆီ ဖုန်းလှမ်းဆက်ကာ အဖြစ်အပျက်တို့ကိုရှင်းပြ၍ ဆေးရုံသို့သာ လိုက်ခဲ့ရန် ပြောလိုက်တော့၏။

ဦးလွင်မဟာမြတ်လည်း ရုံးခန်းထဲတွင် နှိုင်းဝဏ္ဏဆီမှ ဖုန်းလက်ခံရရှိကာ အကြောင်းစုံသိရပြီးနောက် ကားသော့နှင့် ပိုက်ဆံအိတ်ကို ဆွဲယူကာ ကားပါကင်ဆီသို့ အလျှင်အမြန် သွားတော့၏။

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now