Ep- 44 Unicode

2.6K 149 40
                                    


"ဆရာ နေ့လည်(၂)နာရီမှာ ပုဂံက မြေနေရာအတွက် ဆွေးနွေးမယ့် meeting ရှိပါတယ်ဗျာ့"

Mahar Entertainment ရှိ ဦးလွင်ရုံးခန်းထဲတွင်တော့ ဦးလွင် ရုံးပြန်တက်ပြီဖြစ်သည်ကြောင့် လုပ်ငန်းပြန်လည်လွှဲယူနေစဉ် အတွင်းရေးမှူးမှ ပြောလာခြင်းဖြစ်သည်။

"ဟုတ်ပြီ ထိုက်စံ"

ဦးလွင်မဟာမြတ် လက်မှနာရီအား ကြည့်၍ ခေါင်းတစ်ချက်ညိတ်ပြကာ ပြောလိုက်ရင်း လက်မှတ်ထိုးပြီးသွားသည့် ဖိုင်တွဲအား အတွင်းရေးမှူးထံသို့ လှမ်းပေးလိုက်၏။

လုပ်ငန်း ပြန်လည်လွှဲပေးအပြီးတွင်တော့ ဦးလွင်ဒယ်ဒီလည်း အလုပ်ကိစ္စရှိသဖြင့် အပြင်ထွက်သွားတော့သည်။

အစည်းအဝေးတွင် ဦးလွင်မဟာမြတ် ပုဂံတွင် ၀ယ်မည့် မြေကွက်နေရာအား အတည်ပြု ဆုံးဖြတ်ပေးလိုက်၏။

ပုဂံတွင် မြေကွက်ရှာရန်ကိစ္စအား ခန့် accidentမဖြစ်ခင်ကပင် အစပြုထားခြင်းဖြစ်ပြီး ယခု အစည်းအဝေးတွင်တော့ နေရာအတည်ပြုခြင်းဖြစ်သည်။ ထိုနေရာတွင် ရိုက်ကူးရေးအတွက် အသုံးပြုရန် အဆောက်အဦးတစ်ခုအား ဦးလွင်မဟာမြတ် စိတ်တိုင်းကျ ဆောက်မည်ဖြစ်ပြီး ကန်ထရိုက်အား ဦးလွင်ကိုယ်တိုင်တွေ့၍ စကားပြောမည်ဖြစ်ကြောင်း ပြောကြားပြီး အစည်းအဝေးအား အဆုံးသတ်လိုက်တော့၏။

"ထိုက်စံ ဒီတစ်ပတ် စနေ၊တနင်္ဂနွေ အချိန်ပို ဆင်းနိုင်မလား"

စာချုပ်ချုပ်ရန်အတွက် ပုဂံသို့ သွားမည်ဖြစ်သဖြင့် အတွင်းရေးမှူးဖြစ်သူကိုပါ ခေါ်သွားရန် မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်ကဲ့ ဆရာ၊ စာချုပ်အတွက် ပုဂံကိုသွားဖို့လားဗျာ့ ... ကျွန်တော် လိုက်နိုင်ပါတယ်"

"အင်း ဟုတ်ပြီ ထိုက်စံ"

"ဟို ဒါနဲ့လေ ဆရာ ... နှစ်ရက်လုံးလားဗျာ့"

"အင်း ... နှစ်ရက်လုံးဖြစ်သွားနိုင်တယ်"

"ဟုတ်ကဲ့ ဆရာ"

စာချုပ်ကိစ္စသာဆိုလျှင် လေယာဉ်ဖြင့်သွားလျှင်နေ့တစ်ပိုင်းလောက်ပဲမို့ တစ်ရက်နှင့် ပြန်လာလျှင် ရပေမယ့် အဘယ့်ကြောင့် နှစ်ရက်ကြာနိုင်မည်လဲဆိုသည်ကိုတော့ ထိုက်စံ မမေးရဲ၍ 'ဟုတ်ကဲ့' လိုက်ရတော့၏။

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now