Ep- 115 Unicode

1.8K 127 78
                                    

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ညင်ညင်သာသာ ပွေ့ဖက်လိုက်ကြပြီးနောက်မှ စွမ်းပြည့်က ကုတင်ပေါ်မှ ဆင်းကာ မတ်တတ်ရပ်လျက် သူရကို ပြောလိုက်၏။

"အပြင်ထွက်ကြစို့လေ၊ မင်း ထမင်းစားပြီးမှ ပြန်နော်"

"မင်းရော စားမှာလား"

"ဟမ် ..."

*** ငါ မင်းနဲ့ အတူ စားပေးချင်ပေမဲ့ ... ***

"ငါက အဖေ့ကို စောင့်ရဦးမယ်လေ၊ မင်း တစ်ယောက်တည်း စားလိုက်လေ နော် ... ငါ ဘေးမှာ ရှိနေပေးပါ့မယ်၊ မင်းပါ ငါ့အဖေ့ကို စောင့်နေရင်ကျ မင်း အိမ်ပြန်နောက်ကျနေမှာစိုးလို့၊ ငါ မင်းကို မိုးချုပ်တဲ့အချိန်ကြီး တစ်ယောက်တည်း ကားမောင်းပြန်သွားမှာ စိတ်မချဘူး"

"အင်းပါ ..."

"စိတ်ဆိုးသွားတာလား ... ဟင်"

*** စိတ်ဆိုးသွားတာလား တဲ့၊ ငါ မင်းကို စိတ်မဆိုးပါဘူး၊ မင်းအဖေက ညစာကိုတော့ မျက်နှာစုံညီစားရမယ်ဆိုတဲ့ စည်းကမ်းထုတ်ထားတယ်ဆိုတာ ငါ ရိပ်စားမိတာပဲကို *** 

"စိတ်မဆိုးပါနဲ့၊ အာ ငါရောစားမယ်နော်၊ ငါပါ မင်းနဲ့တူတူ နည်းနည်း လိုက်စားမယ်၊ အဖေပြန်လာရင် ငါ ထပ်စားလိုက်မယ် ရတယ်"

သူရ ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်နေမိသွားသည်ကို စိတ်ဆိုးသွားသည်ထင်ကာ ထပ်ပြောလာသည့် စွမ်းပြည့်ကြောင့် သူရ ကုတင်ပေါ်မှ ဆင်းလိုက်ပြီး စွမ်းပြည့်ကို ရင်ခွင်ထဲ ဆွဲဖက်လိုက်ပြီး ပြန်ပြောလိုက်၏။

"ငါက ဘာလို့ မင်းကို စိတ်ဆိုးရမှာလဲ၊ ငါက မင်းကို နည်းနည်းလေးတောင် စိတ်မဆိုးတာမို့ မင်းက လျှောက်မတွေးနဲ့၊ ပြီးတော့ ထမင်းလည်း လိုက်မစားပေးနဲ့ ရတယ်၊ အဖေပြန်လာမှ စား၊ မဟုတ်ရင် တ၀က်တပျက်နဲ့ မင်း စားမကောင်းတော့ဘဲ အစားပျက်သွားလိမ့်မယ် ... နော်"

"ငါက ရပါတယ်"

"မင်း ရပေမဲ့ ငါမရဘူး၊ လာ သွားမယ်"

"အွန်း ..."

နှစ်ယောက်သား ထမင်းစားခန်းဆီသို့သွားကာ စွမ်းပြည့်က သူရ ထမင်းစားဖို့ ပြင်ဆင်ပေး၏။ စွမ်းပြည့်၏မိခင်ကလည်း စွမ်းပြည့်ကို သူငယ်ချင်းနှင့် အတူ စားချင်လျှင် စားဖို့ရန် ပြောပါသော်ငြား ဦးရဲစွမ်းပြန်လာလျှင် ဒေါ်ပြည့်ပြည့်မိုးကို ရန်လုပ်နေမည်စိုး၍ မစားဖြစ်တော့ပါပေ။ သူရလည်း ထမင်းစားပြီးသည်နှင့် အန်တီနှင့် စွမ်းပြည့်ကို နှုတ်ဆက်ကာ အိမ်ပြန်လိုက်လေတော့သည်။

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now