Ep- 17 Zawgyi

1.5K 57 0
                                    


"ခန့်ငယ် လာ အိမ်ထဲဝင်ရအောင်၊ ရလား ဆင်းနိုင်လား၊ ကိုယ် ချီရမလား"

အိမ်ပြန်ရောက်‌တော့ Driver အား အလုပ်ဆင်းလို့ရပြီဖြစ်ကြောင်း ပြောပြီးနောက် ဦးလွင် ကားပေါ်မှ ဆင်း၍ ခန့်ထိုင်သည့်ဘက်သို့ သွားလိုက်ရင်း ကားပေါ်မှ ခန့်ကို လက်လှမ်းပေးကာ မေးလိုက်ခြင်းဖြစ်သည်။

"ရပါတယ် ဦးလွင် သား ပခုံးတွေပဲ အများ‌ကြီးတောင့်ပြီး လက်က ဘာမှ မသယ်ချင် ဖြစ်နေတာပါ လမ်းက လျှောက်နိုင်ပါတယ်ဗျာ့"

"အင်း ရေချိုးပြီးရင် ကိုယ် ဆေးလိမ်းပေးမယ်နော် လာ"

"ဟုတ်ကဲ့"

ဦးလွင်ကမ်းပေးနေသော လက်တစ်ဖက်အား အသာဆုပ်ကိုင်၍ ခန့် ကားပေါ်မှ ဆင်းလိုက်ပြီး ဦးလွင်နှင့်အတူ အိမ်ထဲ လိုက်ဝင်လိုက်၏။

"ကဲ ရေသွားချိုး မြန်မြန်ချိုးနော်၊ ကိုယ်လည်း ရေချိုးပြီး ခန့်ငယ် အခန်းထဲ လာခဲ့မယ်"

"ဟုတ်ကဲ့ ဦးလွင်"

ဦးလွင် ရေးချိုးပြီးနောက် ဆေးသေတ္တာယူ၍ ခန့်အခန်းသို့ သွားကာ တံခါးအား ခေါက်လိုက်ပြီး လော့ခ်မချထားသောကြောင့် အခန်းထဲ ဝင်လာခဲ့လိုက်၏။ ဦးလွင် ရောက်လာသည့် ယခုအချိန်အထိ ခန့် ရေချိုးလို့ မပြီးသေးသောကြောင့် ဦးလွင် ရေချိုးခန်း တံခါးနားသို့သွားကာ တံခါးခေါက်၍ အမြန်ထွက်လာဖို့ ပြောရတော့၏။

"ခန့်ငယ် မပြီးသေးဘူးလား ထွက်လာခဲ့တော့၊ မြန်မြန်ချိုးလေကွာ"

"ဗျာ ဦးလွင် လာပြီ၊ သားပြီးတော့မှာ"

(၃)မိနစ်လောက် ကြာပြီးချိန်တွင်တော့ ခန့် ဦးထုပ်ပါတဲ့ bathrobe အနီရဲလေးအား ဝတ်ပြီး ခေါင်းတွင် ဦးထုပ်လေးကိုပါ ဆောင်းကာ ထွက်လာခဲ့၏။

"ဘောင်းဘီပဲ အရင်ဝတ်လိုက် ခန့်ငယ် အင်္ကျီကို ဆေးလိမ်းပြီးမှ ဝတ်လိုက်တော့"

ဦးလွင်က ခန့်ဝတ်ဖို့ ဝတ်စုံကို ထုတ်ထားပေးပြီး ကုတင်ပေါ် ထိုင်စောင့်နေရင်း ခန့်ထွက်လာသည်ကို မြင်တော့ လှမ်းပြောလိုက်၏။

"ဟုတ်ကဲ့ ဦးလွင်"

ခန့်လည်း ဦးလွင် ရှိနေသည်မို့ ရေချိုးခန်းထဲ ပြန်ဝင်၍ ဦးလွင် ထုတ်ပေးထားသော အညိုရောင် ဘောင်းဘီတိုလေးကို ဝတ်လိုက်ပြီး အပြင်ပြန်ထွက်ကာ ကုတင်ဆီသို့ သွားလိုက်၏။

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now