Ep- 6 Unicode *p*

5.3K 212 20
                                    

"ဒါ ဘယ်လိုပုံစံ ဖြစ်နေရတာလဲ ထွန်းခန့်သော်တာ!!!"

"ဗျာ့ ... ဗျာ ..."

"လာခဲ့ ဒီရှေ့ကို"

ဦးလွင် မျက်ခုံးတန်းတို့ အနည်းငယ် တွန့်ချိုးကာ ခုံမှာ ၀င်ထိုင်လိုက်ရင်း သူ့ရှေ့ကို ခေါ်နေသည်မို့ ခန့် ခပ်သွက်သွက်သွားကာ လက်နှစ်ဖက်အား ရှေ့သို့ယှက်လျက် ခပ်ရို့ရို့လေး ရပ်နေမိသည်။ ဦးလွင် စိတ်ဆိုးနေပြီကို သိသော်လည်း ဘာကို စိတ်ဆိုးနေခြင်းဆိုတာကိုတော့ ခန့် ခေါင်းကို အလုပ်ပေးရင်း အသည်းအသန် စဉ်းစားနေမိတော့သည်။

"ခုနကလို စာရေးခုံတွေပေါ် မဆင်မခြင် တက်ထိုင်တာမျိုးက အမြင် မသင့်တော်ဘူးလေ ခန့်၊ ကိုယ်မကြိုက်ဘူး၊ ဒါ နောက်ဆုံးဖြစ်ပါစေ၊ ကိုယ့်နေရာမှာကိုယ် သွားထိုင်တော့"

"ဟုတ်... ဟုတ်ကဲ့"

အတန်းထဲ ၀င်၀င်လာခြင်း မြင်လိုက်ရသည့် ခန့်ရဲ့ ထိုင်နေပုံက စာရေးခုံပေါ်မှာ တင်ပါးကို တစောင်းလွှဲတင်ရင်း တေ့တေ့လေး ထိုင်နေတာမို့ အရမ်းကြီး အမြင်မတော်တာမျိုး မဟုတ်ပေမယ့် အဘယ့်ကြောင့် ဒီလောက်ထိ ဒေါသထွက်ကာ တားမြစ်မိသည်ကိုတော့ ဦးလွင်ကိုယ်တိုင်ပင် မတွေးတတ်တော့ပါ။

"ကဲ အားလုံး အတန်းစမယ်၊ ဒီနေ့ အိမ်စာတစ်ခုပေးလိုက်မယ်၊ ကိုယ်ပိုင်နိုင်တဲ့ ကြိုက်နှစ်သက်ရာ သီချင်းတစ်ပုဒ်ကို ကိုယ်ဆိုနိုင်သလောက် ကြိုးစား ဆိုထားတာကို Video ရိုက်ပြီး အခုလာမယ့် ကြာသပတေးနေ့ နောက်ဆုံးထားပြီး ဆရာ့ဆီ ပို့ပေးရမယ်၊ သီချင်းက Myanmar song ပဲ ဆိုဆို၊ International song ပဲ ဆိုဆို၊ ကိုယ်ပိုင်နိုင်ရာ ဆိုလို့ရတယ်၊ ဆရာက သောကြာနေ့မှာ စစ်ပေးပြီး စနေနေ့ အတန်းချိန်မှာ လိုအပ်တာတွေကို ပြောပြပေးမယ်၊ အခုလို test မျိုးက လတိုင်းရှိမယ်နော်၊
ဒီလက ကိုယ်ထက်၊ နောက်လက ကိုယ်က ပိုတော်နေရမယ်၊ တိုးတက်လာရမယ်၊ ကိုယ်သာလျှင် ကိုယ့်ပြိုင်ဘက်မို့ အကောင်းဆုံး ကြိုးစားကြပါ၊ ဒီလလည်း ဒီလို ၊ နောက်လလည်း ထိုနည်းလည်းကောင်းဆိုရင်တော့ မင်းတို့ သင်တန်းသားဘ၀နဲ့ပဲ အချိန်ကုန်သွားလိမ့်မယ် ဆရာပြောတာ နားလည်လား"

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now