Ep- 105 Unicode *p*

3.3K 162 130
                                    

သီချင်း ပြီးဆုံးချိန်တွင်တော့ ခန့်က ဆရာ၊ ဆရာမများကို နှုတ်ဆက်နေချိန် မိုးသောက်လက်ထဲရှိ ခန့်ဖုန်း၀င်လာသည်ကြောင့် ကြည့်လိုက်ရာ ထိုက်စံဖြစ်နေ၍ မိုးသောက် အလျှင်အမြန် ကိုင်လိုက်၏။

"ဟဲလို ... အစ်ကို"

" မိုးသောက် !! "

"ဗျာ ... ဗျာ အစ်ကို"

တစ်ဖက်က အံကြိတ်ခေါ်သံကြောင့် အစ်ကို စိတ်တိုနေပြီမှန်း မိုးသောက်သိပါသည်။

"ဘယ်လိုဖြစ်တာလဲ မိုးသောက်၊ ဆရာ စိတ်ဆိုးနေတယ်"

"ဟို အများကြီး စိတ်ဆိုးနေလားဟင်၊ ကျွန်တော် ရောက်မှ ဆရာပေးတဲ့အပြစ်ကိုခံယူပြီး သေချာ တောင်းပန်လိုက်ပါ့မယ်"

"ကိုယ် မင်း ဖုန်းကျန်ခဲ့လို့ reportတင်ဖို့ နောက်ကျနေကြောင်း ပြောပြပေးထားတယ်၊ အဲ့တာကြောင့် ကားကို အလောတကြီး မောင်းမလာခဲ့နဲ့၊ ဂရုစိုက်ပြီး ဖြည်းဖြည်းမောင်း ကြားလား"

"ဟုတ်ကဲ့ အစ်ကို ကျေးဇူးတင်ပါတယ်၊ အစ်ကို ကျွန်တော်ဖုန်းကျန်ခဲ့တာ ဘယ်လိုသိလဲဟင်"

"မင်းမှ ဖုန်းမကိုင်တော့ ကိုယ်လည်း မင်းရဲ့ ရုံးခန်းထဲ ၀င်ကြည့်ရတာပေါ့"

"ဟုတ်ကဲ့၊ အဲ့တာဆို အစ်ကိုပဲ သိမ်းပေးထားပါဦးနော်"

"အွန်း ..."

"ဂျာကြီး ကျွန်တော့်ကို ဖုန်းလေးပေးပါဦး"

မိုးသောက် ဖုန်းချလိုက်ပြီး မကြာခင်ပင် နှုတ်ဆက်ပြီးသွားသည့် ခန့် ရောက်လာကာ ဖုန်းတောင်းလိုက်ခြင်းဖြစ်သည်။

ခန့် ဖုန်းရရချင်း ဦးလွင်ဆီ ဆက်လိုက်ပါသော်ငြား ဦးလွင်က ဖုန်းကို မကိုင်ဘဲ ချပစ်လိုက်၏။ ထပ်ခေါ်ဖို့ကိုလည်း ခန့်က မဝံ့မရဲ။ ထိုအခြေအနေကြီးအတွင်း ခန့် အတန်းတက်ဖို့ရန်လည်း စိတ်မပါသဖြင့် ကုမ္ပဏီသို့ ချက်ချင်းပြန်ရန်သာ ဆုံးဖြတ်လိုက်တော့၏။

"ဂျာကြီး၊ ဦးလွင်က ကျွန်‌တော့်ကို အများကြီး စိတ်ဆိုးနေတယ်ထင်တယ် ဖုန်းချပစ်တယ်၊ မကိုင်ဘူး"

"အစ်ကို ထိုက်စံလည်း ဖုန်းဆက်တယ်၊ ဆရာ စိတ်ဆိုးနေတယ် တဲ့၊ အစ်ကိုတို့ ဘယ်လိုလုပ်ကြမလဲ"

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now