Ep- 119 Unicode

1.5K 113 38
                                    


"ယေးးးးးးး Congratulations နှိုင်း "

လေးယောက်သား ဝိုင်းကာ တစ်ယောက်ပခုံးပေါ် တစ်ယောက်ဖက်ပြီး ဝိုင်းကြီးပတ်ပတ်လှည့်၍ အော်နေကြခြင်းပင်။

နှစ်ဆန်းတစ်ရက်နေ့ ပြီးသည်နှင့် တတိယပတ်မြောက် ပြိုင်ပွဲပြန်စခဲ့ပြီး ထိုအပတ်မှစ၍ နှိုင်းက သူ့ကတိအတိုင်း  အပတ်တိုင်းတွင် အမှတ် 100 နီးပါးအထိရောက်အောင် ကြိုးစားနိုင်ခဲ့ပြီး Winner ဖြစ်ခဲ့သည်ကြောင့် ယခု သူရ နိုင်ငံခြားမှ ပြန်ရောက်သည်နှင့် စွမ်းပြည့်အိမ်တွင် သူတို့ လေးယောက်ဆုံကာ နှိုင်းကို ဂုဏ်ပြုပေးနေကြခြင်းပင်။

နှိုင်းအတွက် Debtut album ကိုတော့ (၁၀)လပိုင်း (၃)ရက်နေ့တွင် ထုတ်ပေးမည်ဖြစ်ပြီး (၁၀)လပိုင်း (၇)ရက်နေ့ ထွက်ရှိမည့် ခန့်၏ ဒုတိယ Album နှင့် အချိန် တစ်ပတ်သာကွာပေသည်။

"နှိုင်း ငါတို့ မင်း လုပ်နိုင်မယ်လို့ ယုံကြည်ထားခဲ့ကြတာ၊ မင်း တကယ်လည်း လုပ်နိုင်ခဲ့ပြီ၊ ငါတို့သူငယ်ချင်းလေး အများကြီးတော်တာပဲ၊ ဒီအတောအတွင်း မင်း ပင်ပန်းသွားခဲ့ပြီ၊ တာ၀န်ကျေပါတယ် နှိုင်းရေ"

လေးယောက်သား ဝိုင်းကြီးပတ်ပတ် လှည့်ပြီးနောက် ယခုတွင်တော့ ဧည့်ခန်းတွင် စားပွဲခုံပုလေးခင်းကာ တစ်ဖက်စီ အတူထိုင်နေကြရင်း စွမ်းပြည့်က ပြောလိုက်ခြင်းဖြစ်သည်။ ခန့်နှင့် သူရကလည်း စွမ်းပြည့်စကားအား ထောက်ခံသည့်အနေဖြင့် ခေါင်းတညိတ်ညိတ်။

"ကျေးဇူး စွမ်းပြည့်၊ ငါ့ကို ယုံကြည်ပေးခဲ့တဲ့ မင်းတို့ကို ငါ တကယ် အများကြီး ကျေးဇူးတင်တာ"

နှိုင်း ပြောလိုက်ရင်း မျက်မှန်အောက်က စွမ်းပြည့်၏ ဝိုင်းစက်စက်မျက်၀န်းလေးကို သုံးစက္ကန့်လောက် ငေးမောကြည့်မိပါသေး၏။ သူ ထင်ထားသည်ထက် ပို၍ အဆင်ပြေနေပြီပင်။ သူ စွမ်းပြည့်ကို တွေ့လျှင် မျက်ရည်ကျလိမ့်မည်ဟု သူ့ကိုယ်သူထင်ခဲ့မိပါသော်လည်း ယခုတော့ သူ အ‌ဆင်ပြေပါ၏။ ခန့် ပြောခဲ့သလို တစ်ရက်ထက် တစ်ရက် ပိုပြီး သူ အဆင်ပြေသွားခဲ့ပါပြီ။

နှိုင်း ခန့်ကိုတော့ အဆပေါင်းများစွာ ကျေးဇူးတင်ပါ၏။ အပတ်တိုင်း ခန့်၏ဂရုတစိုက် လေ့ကျင့်ပေးမှုတွေကြောင့် သူ အများကြီး အဆင်ပြေခဲ့ရသည်ပင်။

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now