Ep- 97 Unicode

2.3K 138 57
                                    

"Let's go... "

ဤသည်မှာ တက်ကြွနေသည့် ထွန်းခန့်သော်တာ၏ အသံပင် ဖြစ်ပေသည်။

ယနေ့သည် တနင်္ဂနွေနေ့ဖြစ်သည်ကြောင့် ခန့်၊ စွမ်းပြည့်၊ နှိုင်း နှင့် သူရတို့ လေးယောက် စက်ဘီးလျှောက်စီးကြတော့မည်ဖြစ်၏။

ခန့်က စိမ်းပြာရောင် Sport shirt လေးနှင့် အနက်ရောင် ဂျင်းဘောင်းဘီလေးကိုတွဲဖက်၀တ်ဆင်ထားပြီးနောက် အဖြူရောင် အပေါ်ထပ် အင်္ကျီလေးကို ထပ်၀တ်ထား၏။ မျက်နှာထက် Mask အနက်ရောင်လေးကိုပါ ၀တ်ဆင်ကာ ဦးထုပ်အဖြူလေးကိုပါ ဆောင်းထားရသည်။ ခန့် သူငယ်ချင်း သုံးယောက်လုံးသည်လည်း Mask နှင့် ဦးထုပ် ၀တ်ဆင်ထားကြရ၏။ သူတို့ စကားအတိုင်း လေးယောက်လုံး Maskတပ်ကာ ဦးထုပ်ဆောင်းထားကြခြင်းဖြစ်သည်။

ဦးလွင် မွေးနေ့ပြီး နောက်တစ်ရက် ကျောင်းပြန်တက်သည့်နေ့က ခန့်ဆီမှ "တနင်္ဂနွေနေ့ စက်ဘီးလျှောက်စီးခွင့် ရခဲ့ပြီ" ဟု ပြောလာသည့်စကားကြောင့် ခန့်သူငယ်ချင်းသုံးယောက် အံ့ဩခဲ့ရသေး၏။ ဘယ်လိုဖြစ်ပြီး ခွင့်ပြုချက် မြန်မြန်ကြီး ရခဲ့လဲ ဝိုင်းမေးကြမှ ခန့်က သူ စကားမပြောဘဲ စိတ်ကောက်ပြလိုက်၍ဖြစ်ကြောင်း ပြောပြခဲ့ရသေးသည်။

လေးယောက်က Mahar Entertainment တွင်သာ လူစုကြပြီး ယခုတော့ စက်ဘီးကိုယ်စီဖြင့် စတင်ထွက်ခွာကြပြီဖြစ်သည်။ သူတို့ လေးယောက် မသိသည်မှာ မိုးသောက်က ကားတစ်စီးဖြင့် သူတို့ကို လိုက်ကြည့်နေရသည်ဆိုတာကိုပင်။

ပြီးခဲ့သည့် သောကြာနေ့ ညနေက ဦးလွင်မဟာမြတ်သည် မိုးသောက်ကို ရုံးခန်းသို့ခေါ်ကာ ဤသို့ ပြောခဲ့ပါ၏။

"မိုးသောက်၊ တနင်္ဂနွေနေ့မှာ ခန့်ငယ်က သူ့သူငယ်ချင်းတွေနဲ့ စက်ဘီးလျှောက်စီးလိမ့်မယ်၊ အဲ့တာ မိုးသောက်က ကုမ္ပဏီက ကားယူသွားပြီး ခပ်လှမ်းလှမ်းကနေ လိုက်ကြည့်ပေးပါ၊ သူတို့ လုံး၀ မရိပ်မိစေနဲ့၊ ဘယ်လောက် ရုပ်ဖျက်ထားထား မှတ်မိသွားတဲ့သူ ရှိလို့ Liveလွှင့်လိုက်ရင် လူအုံလာနိုင်တယ်၊ အဲ့အချိန်ကြရင် ၀င်ဖြေရှင်းလို့ ရအောင်လို့ ကိုယ်က လိုက်ကြည့်ဖို့ အကူအညီတောင်းပါတယ်"

အောင်မြင်ခြင်းဆီသို့ {Completed}Where stories live. Discover now